top of page

မုံရွာအကျဉ်းထောင်က နိုင်ကျဉ်းတွေအပါအဝင် အကျဉ်းသား ၂၀၀ ခန့်ကို စစ်ကောင်စီက ထောင်ပြောင်းရွှေ့

  • Writer: BVJ
    BVJ
  • Jun 13
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၁၂ ၊ ၂၀၂၅

ree

 စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်က အကျဉ်းသား၊ အကျဉ်းသူ ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဒီနေ့ ဇွန် ၁၂ ရက် မနက်အစောပိုင်းမှာ ထောင်ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီ ထောင်ပြောင်းရွှေ့ခဲ့တဲ့ အကျဉ်းသား အကျဉ်းသူ ၂၀၀ ထဲတွင် နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသူ ၇၀ ဝန်းကျင်ခန့်ပါဝင်တယ်လို့လည်း PPNM က ပြောပါတယ်။


“မုံရွာအကျဉ်းထောင်ကနေ ပြောင်းရွှေ့ခံရတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေလည်းပါတယ်။ စုစုပေါင်း ၇၀ ဝန်းကျင်လောက်တော့ ပါတယ်လို့ သိရပါတယ်” လို့ PPNM ပြန်ကြားရေးတာဝန်ခံက Burma VJ ကို ပြောပါတယ်။


ထောင်းပြောင်းရွှေ့ခံရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို စစ်ကောင်စီ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က သံပြားကာကား ၂ စီး၊ ၁၂ ဘီးကား ၆ စီး၊ အိမ်စီးကား ၃ စီးနဲ့ မုံရွာအကျဉ်းထောင်ကနေ လာရောက်ခေါ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။


ကနဦးသတင်းတွေအရ ထောင်ပြောင်းရွှေ့ခံရသူတွေကို မန္တလေး အိုးဘိုအကျဉ်းထောင်၊ မြင်းခြံထောင်နဲ့ မကွေးထောင်တို့ကိုလည်း စစ်ကောင်စီက ပို့ဆောင်ဖို့ရှိနေတယ်လို့လည်း PPNM က ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃၀ ရက်ကလည်း အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ကို စစ်ကောင်စီက ပြောင်းရွှေ့ခဲ့တယ်လို့ PPNM က ထုတ်ပြန်ထားပါသေးတယ်။ ဒါ့အပြင် အောက်တိုဘာ ၈ ရက်ကလည်း ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား/သူ ၄၀၀ နီးပါးကို ရန်ကုန်၊ သာယာဝတီနဲ့ ပုသိမ်အကျဉ်းထောင်တို့ကို ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်အတွင်း စစ်ကောင်စီမတရားဖမ်းဆီးမှုကြောင့် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ ၂၉၂၇၂ ဦးအထိရှိခဲ့ပြီး လက်ရှိအချိန်အထိ အကျဉ်းကျခံနေရသူ ၂၂၁၂၀ ဦးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ထုတ်ပြန်ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page