top of page

ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်းက ကာကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ တွေသိမ်းယူ

  • Writer: BVJ
    BVJ
  • Jun 22, 2025
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၂၁ ၊ ၂၀၂၅

Photo: ACDF , CDF - Asho
Photo: ACDF , CDF - Asho

မကွေးတိုင်း ငဖဲမြို့နယ် ခွန်ဇူရွာလမ်းခွဲမှာရှိတဲ့ စစ်ကောင်စီကာကင်းစခန်းတစ်ခုကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှိုက ဒီနေ့ ဇွန် ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။


စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း) ရဲ့ ကာကင်းစခန်းတစ်ခုဖြစ်တဲ့ ခွန်ဇူရွာလမ်းခွဲက စစ်ကောင်စီတပ်စခန်းကို မနေ့ ဇွန် ၂၀ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) ၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ လူ့ဘောင်သစ်တပ်မတော် (NSA) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦးကို ဖမ်းဆီးရမိကာ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။ ကာကင်းစခန်းသိမ်းယူမှုအတွင်း MA အမျိုးအစား လက်နက်ငယ် ၅ လက်၊ BA 100 စိန်ပြောင်း ၁ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး CDF-Asho တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။


အခုဇွန်လအတွင်း နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။


အခု ဇွန်လ ၃ ရက်ကလည်း နတ်ရေကန်တာဝါတိုင်စခန်းကုန်းကို အာရက္ခတပ်တော် (AA) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူထားပြီး တာဝါတိုင်စခန်းကုန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက အင်အားအများအပြားနဲ့ ပြန်လည်ထိုးစစ်ဆင်မှုတွေလည်း ရှိနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page