၅၀(ည)၊ပုဒ်မ ၅၂(က)တို့နဲ့ထောင်ကျနေတဲ့ အကျဉ်းသား ခုနှစ်ထောင်ကျော်ကို စစ်အုပ်စုလွတ်ငြိမ်းပေး
- BVJ

- Mar 2
- 1 min read
ယူဂရင်း/BVJ_မတ် ၂၊ ၂၀၂၆

ဒီနေ့ မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား /အကျဉ်းသူ စုစုပေါင်း ၇,၃၃၇ ဦးကိုလွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်အုပ်စုက ကြေညာပါတယ်။
အဲ့ဒီကြေညာချက်ထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နဲ့ ပုဒ်မ ၅၂(က) တို့အရ ပြစ်မှုကျူးလွန်သူတွေကို လွတ်ငြိမ်းခွင့်ပြုတယ်လို့ဖော်ပြထားတာကြောင့် စစ်အုပ်စုဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအများစု လွတ်ငြိမ်းထဲပါဝင်လာဖို့ကို မျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတော့
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နဲ့၅၂(က)တို့နဲ့ အင်းစိန်ထောင်မှာပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်လာတယ်လို့ ဒီနေ့မနက်မှာထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုကနေ့ထူးနေ့မြတ်တွေမှာပေးတဲ့ လွတ်ငြိမ်းတွေထဲမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းပါးတာကြောင့် ဒီတခေါက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေများများလွတ်ဖို့ကိုမျှော်လင့်နေကြပြီး လက်ရှိမှာ ရန်ကုန်၊အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင်တွေရှေ့မှာ မိသားစုတွေစောင့်ဆိုင်းနေကြပါတယ်။
ဒါ့အပြင် စစ်အုပ်စုကဒီနေ့မှာလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နဲ့၅၂(က)တို့နဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားစွဲဆိုခံထားရသူ ၁၂၄၈၇ဦးတို့ရဲ့ တရားရုံးကြားနားဆဲအမှုပေါင်း ၉၅၃၂မှုကိုလည်း ပိတ်သိမ်းပေးလိုက်တယ်လို့ ကြေညာလိုက်သလို အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသူ/အကျဉ်းသား ၂၈၂၅ဦးကိုလည်းပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာပါတယ်။




Comments