အီရန်နဲ့ အစ္စရေးမှာရှိနေတဲ့ထိုင်းနိုင်ငံသားတွေ လုံခြုံရာနေရာမှာ ခိုလှုံနေကြဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး အကြံပြု
- BVJ

- Jun 18
- 1 min read
BVJ/Moore _ ဇွန် ၁၈ ၊ ၂၀၂၅

အီရန် - အစ္စရေး နှစ်နိုင်ငံ အပြန်အလှန်တုံ့ပြန်ပစ်ခတ်မှုတွေပြင်းထန်နေချိန် အဲဒီနိုင်ငံတွေထဲမှာရှိနေတဲ့ ထိုင်းနိုင်ငံတွေသားအနေနဲ့ လုံခြုံရာနေရာကို ရှာဖွေခိုလှုံနေထိုင်ကြဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ဒီနေ့ ဇွန် ၁၈ ရက်မှာ အကြံပြုပြောဆိုထားပါတယ်။
“အခြေအနေတွေက ပိုပြီးဆိုးရွာလာနိုင်တာကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်ချေရှိနိုင်ပါတယ်” လို့ မစ္စတာမာရစ်က ပြောထားပါတယ်။
အီရန်-အစ္စရေး နှစ်နိုင်ငံလုံးမှာရှိနေတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ ဒေသတွင်းနေရာတွေက စွန့်ခွာပြီး လုံခြုံတဲ့နေရာမှာ နေထိုင်ကြဖို့ တိုက်တွန်းထားသလို တရုတ်နဲ့ အမေရိကန်ကလည်း သူ့နိုင်ငံသားတွေကို ဒေသတွင်းကစွန့်ခွာပြီး လုံခြုံတဲ့နေရာမှာ နေထိုင်ကြဖို့ မနေ့ ဇွန် ၁၇ ရက် ညနေပိုင်းမှာ အကြံပြုထားတယ်လို့လည်း မစ္စတာ မာရစ်က ပြောဆိုထားပါတယ်။
တီဟီရန်မှာရှိတဲ့ ထိုင်းသံရုံးက အီရန်နိုင်ငံမြောက်ဘက်ပိုင်း အမ်မိုလ်မြို့မှာ ထိုင်းနိုင်ငံသားတွေအတွက် ခိုလှုံရာနေရာတွေကို အခု ဇွန် ၁၆ ရက်နေ့ကတည်းက ဖွင့်လှစ်ပေးထားတယ်လို့ မာရစ်က ဆက်ပြောပါတယ်။ အဲဒီနေရာဟာ အီရန်စစ်တပ်၊ နျူကလီးယားအဆောက်အအုံတွေနဲ့ ဝေးတာကြောင့် လုံခြုံစိတ်ချရပြီး လူဦးရေ ၂၀၀ ခန့် ဆံ့တယ်လို့လည်း ဆိုပါတယ်။ လက်ရှိ အဲ့ဒီနေရာမှာ ထိုင်းနိုင်ငံသား ၃၅ ဦး လာရောက်ခိုလှုံနေပြီလည်း မာရစ်က ဆိုပါတယ်။
အီရန် - အစ္စရေးနိုင်ငံထဲမှာရှိနေတဲ့ ထိုင်းနိုင်ငံသားတွေ နိုင်ငံတွင်းကနေ မဖြစ်မနေ ထွက်ခွာဖို့လိုအပ်လာပါက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းအသိပေး လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံသားအများဆုံးရှိရာမြို့တွေကနေ ထိုင်းနိုင်ငံသားတွေအနေနဲ့ အမြန်ဆုံးထွက်ခွာသွားဖို့ကိုလည်း ထိုင်းသံရုံးက ထုတ်ပြန်ထားပြီး နဂိုပုံမှန်အခြေအနေ ပြန်ရောက်ဖို့ ခက်ခဲကြာမြင့်နေဦးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။







Comments