top of page

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဗီဒီယို တစ်သိန်း တစ်သောင်းကျော်အထိ ရရှိ

  • Writer: BVJ
    BVJ
  • Jun 22
  • 1 min read

ပေးပို့တဲ့ ဗီဒီယို ၇၅ ရာခိုင်နှုန်းကျော်ဟာ မြန်မာပြည်ထဲကနေ ပေးပို့တာလို့ သိရ


BVJ

ree

 ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဗီဒီယိုရှစ်သောင်းနဲ့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းတင်ဖို့ကြိုးစားတဲ့ Suu 80 Birthday Campaign ဟာ ဇွန်၁၉ရက်နေ့ ယူကေအချိန် ည၁၁နာရီမှာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ကမ်ပိန်းပိတ်သိမ်းချိန်မှာ စုစုပေါင်း ဗီဒီယို တစ်သိန်းတစ် သောင်း တစ်ရာအထိရရှိခဲ့တယ်လို့ ကမ်ပိန်းအဖွဲ့က တရားဝင်သတင်း ထုတ်ပြန်ထားပါတယ်။


ကမ္ဘာ့ဂင်းနစ်မှတ်တမ်းတင်နိုင်ရေးအတွက်ရည်စူးပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း ဗီဒီယိုပေးပို့တဲ့သူတွေရဲ့ အားထုတ်လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ကမ်ပိန်းဖြစ်မြောက်ရေးအဖွဲ့ တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုရဲက BVJ ကိုပြောပါတယ်။


“ အမှန်တိုင်းပြောရရင် အဲ့‌လောက်ရလိမ့်မယ်လို့ မမျှော်မှန်းခဲ့ဘူးဗျ။ကျွန်တော်တို့ ဒီဖက်က ပရိုမို့လုပ်တယ်ဆိုပေမယ့်လဲ ပါဝင်ခဲ့တဲ့သူတွေကကိုယ့်အသိစိတ်နဲ့ကိုယ် တစ်ယောက်ချင်းဆီရဲ့ အားနဲ့ ဝိုင်းတွန်းပြီး ပါဝင်ခဲ့ကြလို့ ဒီကမ်ပိန်းအောင်မြင်ခဲ့တာပါ။ ဇွန်၄ရက်နေ့ကနေစပြီး ဗီဒီယိုတွေ စလက်ခံခဲ့တယ်ဆိုပေမယ့် ဒီကမ်ပိန်းကို အားလုံးဝိုင်းပြီးဝုန်းကြတာက ၈ရက်နေ့နောက်ပိုင်းမှ စခဲ့တာ။ ၈ရက်နေ့ကနေ ၁၈ရက်နေ့ အထိ ၁၀ရက်ပဲ runတာ။ ၁၀ရက်မှာ ၁သိန်း ၁သောင်းတစ်ရာဆိုတော့ တစ်ရက်ကို တစ်သောင်းကျော်ကျော်ရတယ်လို့ပြောလို့ရတာပေါ့ ။”

ree

လက်ခံရရှိထားတဲ့ ဗီဒီယိုတစ် သိန်းတစ်သောင်းကျော်ထဲက ၇၅ရာခိုင်နှုန်းကျော်ဟာ မြန်မာပြည်ထဲကလူတွေ ပေးပို့ခဲ့ကြတာဖြစ်တယ်လို့ ကမ်ပိန်းဖြစ် မြောက်ရေးတာဝန်ခံ ကိုရဲက BVJ ကို အတည်ပြုပေးပါတယ်။


ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂရင်းနစ်မှတ်တမ်းဝင်ဖို့ ရည်ရွယ်ပြီး မွေးနေ့ဆုတောင်းဗီဒီယို ၈၀၀၀၀ ကောက်ခံခဲ့ရာမှာ ၊ သတ်မှတ်ရက်မတိုင်ခင် တစ်ရက်အလို ဇွန်လ၁၈ရက် နေ့မှာထဲက ဗီဒီယို ၈၀၀၀၀ ပြည့်သွားတာဖြစ်ပါတယ်။


ဇွန်လ၁၉ရက်နေ့မှာ အသက်၈၀ပြည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် SUU 80 Birthday Campaign ကမ္ဘာအနှံ့မှာပုံစံမျိုးစုံနဲ့ ပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီကန်ပိန်းတွေထဲမှာ ဂင်းနစ်မှတ်တမ်းဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း ဗီဒီယို ပေးပို့တဲ့ ကမ်ပိန်းက လူသိအများဆုံးလူစိတ်အဝင်စားဆုံး ကမ်ပိန်းတစ်ခုဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page