ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Suu Foundationထုတ်ပြန်
- BVJ

- Jun 22, 2025
- 1 min read
BVJ/ဇော်_ဇွန် ၁၉ ၊ ၂၀၂၅

မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဘက်လက်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Suu Foundation က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
ရစ်ချ်တာစကေး ၇.၇ အဆင့်နဲ့ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိတဲ့ အကျဉ်းထောင်ထိခိုက်မှုရှိခဲ့ပြီး ဘယ်ဘက်လက်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ကောင်းမွန်စွာနေထိုင်နိုင်ရေးကို အထူးစိုးရိမ်နေကြပြီး ကုလသမဂ္ဂကလည်း သူမရဲ့ အသက် ၈၀ နှစ်ပြည့်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား/သူ အားလုံးကို အချုပ်အနှောင်ကနေလွတ်ပေးဖို့တောင်းဆိုထားတယ်လို့ Suu Foundation ဥက္ကဌ Jean Todt နဲ့ အမှုဆောင်အရာရှိချုပ် Dr.Michael Marett တို့က ပြောကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုစွဲဆိုခဲ့ကာ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ပြီး အကျဉ်းချထားတာဖြစ်တာပါတယ်။ ဒီနေ့ ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်ပြည့် မွေးနေ့ကို နိုင်ငံတကာအဖွဲ့အစည်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူအများစုက မွေးနေ့ဆုတောင်းပေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေကို လွှတ်ပေးဖို့ တောင်းဆိုထားကြတယ်။




Comments