top of page

တအာင်းပလောင်တွေ နိုင်ငံရေးသတ္တိရှိရှိလုပ်ကြဖို့အချိန်တန်ပြီလို့ PSLF/TNLAဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား တိုက်တွန်း

  • Writer: BVJ
    BVJ
  • Jun 30
  • 1 min read

BVJ/ယူဂရင်း_ ဇွန် ၃၀၊ ၂၀၂၅

ree

တအာင်းပလောင်တွေ နိုင်ငံရေးသတ္တိရှိရှိလုပ်ကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုက္ကဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက တိုက်တွန်းလိုက်ပါတယ်။


အခုလ ၂၅ရက်က တအာင်းပြည်တနေရာမှာကျင်းပပြုလုပ်တဲ့ PSLF/TNLAရဲ့ နိုင်ငံရေးသိပ္ပံ ကျောင်း အပတ်စဥ် (၁)ကျောင်းဆင်းပွဲနဲ့ ဒီပလိုမာဘွဲ့အပ်နှင်းခြင်း အခမ်းအနားမှာ မိန့်ခွန်းမှာထည့်သွင်းပြောခဲ့ တာပါ။


“တအာင်းပလောင်လူမျိုးများအနေဖြင့် ယခင်အချိန်က နိုင်ငံရေးအသိအားနည်းခြင်းကြောင့် အရာရာလက်လွတ်ဆုံးရှုံးခဲ့ရပြီဖြစ်ရာ လက်ရှိ မိမိတို့လက်ထက်တွင် နိုင်ငံရေးအားသတ္တိရှိရှိလုပ်ကြရန် အချိန်တန်ပြီဖြစ်သည်။ ယခု နိုင်ငံရေးသိပ္ပံကျောင်းဆင်းမည့် PSLF/TNLA လူငယ်များအနေဖြင့်လည်း ရနံ့မွှေးသည့် ပန်းများဖြစ်စေလိုပြီး မျှစ်တိုင်းဝါးဖြစ်စေလိုကြောင်း”ဆိုပြီး ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားကပြောခဲ့တာပါ။


PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း တအာင်းပြည်တခုထဲသာမက မြန်မာပြည်တခုလုံးပါဝင်တဲ့ တော်လှန်ရေးအသီးသီးမှာ လူငယ်တွေပါဝင်ကြဖို့နဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ ပြုလုပ်ပြီးတော်လှန်ရေးပန်းတိုင် အမြန်ဆုံး ရောက်ရှိအောင်စွမ်းစွမ်းတမံအလုပ်လုပ်ကြဖို့လိုတယ်လို့ ကျောင်းဆင်းပွဲမှာ ပြောခဲ့ပါတယ်။


အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်ဆောင်ပေါ်ထွက်လာဖို့အတွက် ရည်ရွယ်ကာ PSLF/TNLAရဲ့ နိုင်ငံရေးသိပ္ပံကျောင်းကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီကျောင်းကနေ သင်တန်းဆင်းလူငယ်တွေဟာ နိုင်ငံရေးမှာပါဝင်လုပ်ဆောင်ကြဖို့နဲ့တက်ကျွမ်းရာ ဘာသာရပ်တွေမှာ တာဝန်ထမ်း‌ဆောင်ကြဖို့ဖြစ်တယ်လို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page