top of page

နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို CDF-အရှို ဖမ်းဆီးရမိ

  • Writer: BVJ
    BVJ
  • Jun 11
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၁၁ ၊ ၂၀၂၅

ree

မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ပြည်သူ့စစ် ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က မနေ့ ဇွန် ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။


နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို အာရက္ခတပ်တော်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေချိန် ရှေ့တန်းကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ် ၃ ဦး အခု ဇွန်လ ၄ ရက်နေ့က စခန်းစွန့်ခွာထွက်ပြေးလာတာလည်း ဖြစ်ပါတယ်။


စခန်းစွန့်ခွာထွက်ပြေးလာတဲ့ ပြည်သူ့စစ် ၃ ဦးကို CDF-Asho က လမ်းပိုင်းတစ်နေရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ MA သေနတ် ၃ လက်နဲ့ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ ပြည်သူ့စစ် ၃ ဦးကို ဖမ်းဆီးရမိခဲ့မှု အခြေအနေနဲ့ပတ်သက်ပြီး CDF-Asho ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။


အခု ဇွန်လ ၃ ရက်ကလည်း နတ်ရေကန်တာဝါတိုင်စခန်းကုန်းကို AA တပ်တော်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူထားပြီး တာဝါတိုင်စခန်းကုန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက အင်အားအများအပြားနဲ့ ပြန်လည်ထိုးစစ်ဆင်မှုတွေလည်း ရှိနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page