၂၀၂၅ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆု ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုရရှိ
- BVJ
- 5 days ago
- 1 min read
အေတီ/BVJ_အောက်တိုဘာ ၁၀၊ ၂၀၂၅

၂၀၂၅ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကို ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုကရရှိသွားပါတယ်။
ဗင်နီဇွဲလားနိုင်ငံကပြည်သူတွေအတွက် “ဒီမိုကရေစီအခွင့်အရေးတွေမြှင့်တင်နိုင်ဖို့ မဆုတ်မနစ်ကြိုးပမ်းခဲ့မှု”ကြောင့် မာချာဒို ကိုဆုပေးအပ်ရတာဖြစ်ကြောင်း နိုဘယ်ဆုကော်မတီကထုတ်ပြန်ပါတယ်။
မာချာဒိုဟာ နိုင်ငံတကာကတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးလို့သတ်မှတ်ထားတဲ့ ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရို မနှစ်ကအနိုင်ရခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံ သမ္မတရွေးကောက်ပွဲမှာပါဝင်ယှဉ် ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
အဲ့လိုပိတ်ပင်ခံရတဲ့ကြားက သူတို့ပါတီရဲ့သမ္မတလောင်း အီမန်ဒိုဂွန်ဇာလက်အတွက် ရွေးကောက်ပွဲမဲဆွယ်ချီတက်ပွဲတွေမှာဦးဆောင်ပါဝင်ခဲ့ပါတယ်။မာဒူရိုအစိုးရက မာချာဒိုကိုဖမ်းဆီးမယ်လို့ခြိမ်းခြောက်ခဲ့ပေမယ့် နိုင်ငံတွင်းကထွက်မသွားဘဲ ဒီမိုကရေစီအခွင့်အရေးအတွက် ရတဲ့နေရာ ရတဲ့ပုံစံနဲ့ဆက်ဆင်နွှဲတိုက်ပွဲဝင်ခဲ့ပါတယ်။
ဒီနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က နိုဘယ်ငြိမ်းချမ်းရေးဆုသူ့ကိုပေးဖို့ ပြောတာတွေ၊ ထရမ့်ကိုနိုဘယ်ငြိမ်းချမ်းရေးဆုပေးဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တချို့က အဆိုပြုတာတွေကလဲ ဖိအားပေးလွှမ်းမိုးမှုတွေရှိခဲ့ပါတယ်။
Ref:BBC
Comments