top of page

ရွှေဝါရောင်တော်လှန်ရေးကိုကမ္ဘာကထောက်ခံခဲ့သလို နွေဦးတော်လှန်ရေးကိုလည်း နိုင်ငံတကာကပံ့ပိုးဖို့ သံဃသမဂ္ဂတောင်းဆို

  • Writer: BVJ
    BVJ
  • 18 minutes ago
  • 1 min read

မိုနာ/BVJ_ စက်တင်ဘာ ၂၅၊ ၂၀၂၅

၂၀၀၇ရွှေဝါရောင်အရေးအခင်းတွင် သံဃာများဦးဆောင်ဆန္ဒပြနေပုံ(ဓါတ်ပုံ-BVJ)
၂၀၀၇ရွှေဝါရောင်အရေးအခင်းတွင် သံဃာများဦးဆောင်ဆန္ဒပြနေပုံ(ဓါတ်ပုံ-BVJ)

ရွှေဝါရောင်တော်လှန်ရေးကို ကမ္ဘာကအားပေးထောက်ခံခဲ့သလို နွေဦးတော်လှန်ရေးကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်တဲ့ဖိအားပေးဖို့နဲ့ပံ့ပိုးမှုတွေကို သံဃသမဂ္ဂ(မန္တလေး)ကတောင်းဆိုလိုက်ပါတယ်။


၂၀၀၇ရွှေဝါရောင်တော်လှန်ရေး ၁၈နှစ်ပြည့်အဖြစ် ဒီနေ့ စက်တင်ဘာ ၂၅ရက်မှာ အချက်လေးချက်ပါထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

၂၀၀၇ရွှေဝါရောင်အရေးအခင်းတွင် သံဃာများဦးဆောင်ဆန္ဒပြနေပုံ(ဓါတ်ပုံ-BVJ)
၂၀၀၇ရွှေဝါရောင်အရေးအခင်းတွင် သံဃာများဦးဆောင်ဆန္ဒပြနေပုံ(ဓါတ်ပုံ-BVJ)

သံဃသမဂ္ဂ(မန္တလေး)ရဲ့ အချက်လေးချက်ထဲမှာ တရားမျှတမှုနဲ့လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့၊ သံဃာတော်တွေရဲ့ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့၊ ငြိမ်းချမ်း‌ရေးနဲ့စည်းလုံးညီညွတ်ရေးအကို မြှင့်တင်ဖို့နဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကို တောင်းဆိုဖို့ ဆိုတဲ့အချက်တွေလည်း ပါဝင်ပါတယ်။


သံဃသမဂ္ဂ(မန္တလေး)အနေနဲ့လည်း ရွှေဝါရောင်တော်လှန်ရေးစိတ်ဓါတ်ကို ဆုပ်ကိင်ထားရင်း နွေဦးတော်လှန်ရေးအောင်မြင်မှုအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းနဲ့ ၂၀၀၇ကအသက်ပေးသွားတဲ့ သံဃာတော်တွေနဲ့ပြည်သူတွေကို အောက်မေ့ဂုဏ်ပြုကြောင်းကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၀၇ခုနှစ် စက်တင်ဘာလအတွင်း မြန်မာပြည်စီးပွားရေးအကျပ်အတည်းနဲ့မတရားဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ သံဃာတော်တွေကဦးဆောင်ပြီးပြည်သူလူထုနဲ့အတူ ရန်ကုန်၊မန္တလေး၊ပခုက္ကူစတဲ့ မြို့တွေမှာလမ်းလျှောက်ဆန္ဒပြထုတ်ဖော်ခဲ့ကြပါတယ်။ အဲ့ဒါကို စစ်အစိုးရကအကြမ်းဖက်နှိမ်နင်းဖြိုခွင်းခဲ့တာကြောင့် သံဃာတွေနဲ့ပြည်သူတွေသေဆုံးမှုရှိခဲ့ကြသလို ဖမ်းဆီးထောင်ချခံရမှုတွေလည်း ရှိခဲ့ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page