top of page

အာဏာသိမ်းမှာကိုစိုးရိမ်မှုတွေရှိနေတဲ့ထိုင်းနိုင်ငံမှာ ပြည်သူတွေညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို

  • Writer: BVJ
    BVJ
  • Jun 22
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၂၀ ၊ ၂၀၂၅

Photo: Khaosod English
Photo: Khaosod English

ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီနဲ့အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သွားမှာမို့ ပြည်သူတွေအနေနဲ့ စည်းလုံးညီညွတ်ကြဖို့ ထိုင်းစစ်တပ်အကြီးအကဲက ပြောကြားလိုက်ပါတယ်။


ထိုင်းစစ်တပ်ကတကျော့ပြန်အာဏာသိမ်းမှာကို ပြည်သူတွေကစိုးရိမ်မှုတွေမြင့်တက်နေကြချိန်မှာ ထိုင်းစစ်တပ်ကအခုလိုထုတ်ပြောလိုက်တာဖြစ်ကြောင်း ထိုင်းသတင်းဌာန ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။


နိုင်ငံတော်လုံခြုံရေးကို အလေးထားဖို့ ကြေညာချက်တစ်စောင် မနေ့ ဇွန် ၁၉ ရက်က ဘန်ကောက် ထိုင်းစစ်တပ်ဌာနချုပ်ကထုတ်ပြန်ချိန် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Winthai Suvaree က ထည့်သွင်းပြောဆိုခဲ့တာပါ။


လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး အွန်လိုင်းနဲ့ မီဒီယာတွေမှာ သုံးသပ်ချက်တွေနဲ့ သတင်းအချက်အလက်တွေ ပျံ့နှံ့နေကြောင်း ဗိုလ်ချုပ် Winthai က ပြောဆိုခဲ့ပြီး စစ်ဦးစီးချုပ်အနေနဲ့လည်း စိုးရိမ်မှုတွေရှိနေကြောင်း သူက ဖြည့်စွက်ပြောပါတယ်။


နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အရေး တင်းမာမှုမြင့်တက်နေတာတွေကြောင့် စစ်တပ်အာဏာသိမ်းမှာကို ပြည်သူတွေကစိုးရိမ်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်တို့ ပုဂ္ဂိုလ်ရေးစကားပြောတဲ့အသံဖိုင်ပေါက်ကြားခဲ့ပြီးနောက် ထိုင်းစစ်တပ် စစ်တိုင်းမှူးကို “ပြိုင်ဘက်” လို့ သုံးနှုန်းခဲ့မှုနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့အတွင်း မတည်ငြိမ်မှုတွေဖြစ်ပေါ်လာခဲ့တာပါ။


ဘုရင်ကို နိုင်ငံအကြီးအကဲထားရှိမှုတဲ့ နိုင်ငံရဲ့ဒီမိုကရေစီစနစ်အပေါ် ယုံကြည်စိတ်ချဖို့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Pana Klaewplodthuk က ပြောကြားခဲ့ပြီး စစ်တပ်အနေနဲ့ နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ်သွားဖို့ အမြဲအသင့်ရှိနေတယ်လို့ ဆိုပါတယ်။


ထိုင်းစစ်တပ် ဒုတိယတိုင်းစစ်ဌာနမှူး ဒုဗိုလ်ချုပ်ကြီး Boonsin Padklang ကလည်း ထိုင်းဝန်ကြီးချုပ်အနေနဲ့ လက်ရှိပြဿနာတွေကို သတိရှိရှိနဲ့ ဖြေရှင်းဆုံးဖြတ်ဖို့လိုအပ်ပြီး အမျိုးသားအကျိုးစီးပွားကိုထောက်ပံ့ပေးသွားဖို့ကိုလည်း အကြံပြုပြောဆိုထားပါတယ်။


လက်ရှိမှာ ဟွန်ဆန်နဲ့ပြောထားတဲ့အသံဖိုင်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကတော့ ပြည်သူတွေကို တောင်းပန်ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page