အကျဉ်းသား ၁၅၀၈ယောက်ကိုလွတ်ငြိမ်းနဲ့ ကျန်အကျဉ်းသားတွေ ၆ပုံ၁ပုံပြစ်ဒဏ်လျော့ပေးမယ်လို့ စစ်အုပ်စုကြေညာ
- BVJ

- 2 hours ago
- 1 min read
မိုနာ/BVJ_ဧပြီ ၃၀၊ ၂၀၂၆

ဒီနေ့ ဧပြီ ၃၀ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်းအကျဉ်းထောင်အသီးသီးက အကျဉ်းသား ၁၅၀၈ ဦးကိုလွတ်ငြိမ်းသက်သာခွင့်ပြုပြီး ကျန်အကျဉ်းသားတွေကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးမယ်လို့ အာဏာသိမ်းစစ်အုပ်စုကထုတ်ပြန်လာပါတယ်။
အကျဉ်းသား ၁,၅၀၈ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွှတ်ပေးတာဖြစ်ပြီး "နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုလျှော့ပေါ့ပေးလိုက်သည့် ပြစ်ဒဏ်များကိုပါ ပေါင်းစပ်ကျခံရမည်" ဆိုတဲ့ခြွင်းချက်နဲ့ စစ်အုပ်စုကလွှတ်ငြိမ်းပေးလာတာဖြစ်ပါတယ်။
ဒါ့အပြင် မလွတ်မြောက်သေးတဲ့ကျန်အကျဉ်းသားတွေအတွက် ၂၀၂၆၊ ဧပြီ ၃၀ ရက်နေ့ မတိုင်မီ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့စပ်လျဉ်းပြီး ကျခံဖို့ကျန်နေတဲ့ပြစ်ဒဏ်တွေထဲက ၆ပုံ၁ပုံကို လွတ် ငြိမ်းသက်သာခွင့်ပြုတယ်ဆိုပြီး ကြေညာလာတာပါ။
ပြီးတော့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကိုရှေးရှုသောအားဖြင့်ဆိုပြီး နိုင်ငံခြားသား အကျဉ်းသား ၁၁ ဦးကိုလည်းလွတ်ငြိမ်းပေးပြီး ပြည်နှင်ဒဏ်ပေးကြောင်းကြေညာပါတယ်။
စစ်အုပ်စုဟာလွတ်ငြိမ်းပေးတိုင်း နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါဝင်လေ့ရှိတာကြောင့် ဒီနေ့ လွတ်ငြိမ်းထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေပါဝင်မှုရှိမရှိကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။




Comments