top of page

လက်နက်ကြီးကျည်ထိပြီးကျဆုံးခဲ့တဲ့ အသက် ၁၄နှစ် ပရဟိတသမားလူငယ်လေးရဲ့ စျာပန ကျင်းပ

  • Writer: BVJ
    BVJ
  • Oct 28
  • 1 min read

အေတီ/BVJ_အောက်တိုဘာ ၂၇၊ ၂၀၂၅

ree

အောက်တိုဘာ၂၆ရက်နေ့က လက်နက်ကြီးကျည်ထိမှန်ပြီးကျဆုံးခဲ့တဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအဖွဲ့က အသက်၁၄နှစ်အရွယ် ပရဟိတသမားလူငယ်လေး မောင်ဌေးအောင်(ခ)ကိုလတ်ရဲ့ စျာပနကို ဒီနေ့ ကျင်းပခဲ့ပါတယ်။


အောက်တိုဘာ ၂၇ရက်နေ့မှာကျင်းပခဲ့တဲ့စျာပနကို ကိုလတ်ရဲ့မိဘဆွေမျိုးတွေ၊ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း အဖွဲ့သားတွေနဲ့အတူ ပုဏ္ဏားကျွန်းမြို့သားပရဟိတလူငယ်အဖွဲ့ကလည်း လိုက်ပါပို့ဆောင်ကြတာတွေ့ရပါတယ်။


ပရဟိတသမားလေး ကိုလတ်သေဆုံးရတဲ့အကြောင်းရင်းဟာ ဒရုန်းနဲ့ပစ်ခံရတာလို့ မူလကသတင်းထွက်ခဲ့ပေမယ့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအဖွဲ့ကထုတ်ပြန်တဲ့ အမိန့်ပြန်တမ်းအရ လူနာသွားသယ်ရင်း အာဏာသိမ်းစစ်အုပ်စုတပ်က ပစ်ခတ်တဲ့ '၁၂၀မမ လက်နက်ကြီးကျည်’ ထိမှန်ခဲ့တာလို့ သိရပါတယ်။


ကွယ်လွန်ချိန်မှာ အသက်၁၄နှစ်သာရှိသေးတဲ့ကိုလတ်ဟာ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအဖွဲ့က အသက်အငယ်ဆုံး ပရဟိတသမားလူငယ်လေးတစ်ဦးဖြစ်ပြီး ၊ ၂၀၂၁ခုနှစ်ကတည်းက ကယ်ဆယ်ရေးပရဟိတလုပ်ငန်းတွေ လုပ်ကိုင်လာတဲ့သူဖြစ်ပါတယ်။

ree

လတ်တလောမှာ အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်တွင်းတင်သာမက မြန်မာနိုင်ငံအနှံ့ကအရပ်သားပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နေတာတွေ ဆက်တိုက်လုပ်လာနေပါတယ်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်ကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက ပုဂ္ဂလိကအထက်တန်းကျောင်းတစ်ကျောင်း လေကြောင်းကဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ကျောင်းသား ကျောင်းသူအယောက်၂၀ အနည်းဆုံးသေဆုံးခဲ့ပါတယ်။


ဓာတ်ပုံခရက်ဒစ်- ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း၊ပုဏ္ဏားကျွန်းမြို့သားပရဟိတလူငယ်အဖွဲ့

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page