top of page

တီးတိန်မြို့ မွာလ်ပီးရွာစခန်းသိမ်းတိုက်ပွဲကနေ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

  • Writer: BVJ
    BVJ
  • Jul 7, 2025
  • 1 min read

BVJ _ ဇူလိုင် ၆ ၊ ၂၀၂၅

မွာလ်ပီးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (Photo: Chinland Channel)
မွာလ်ပီးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (Photo: Chinland Channel)

ချင်းပြည်နယ် တီးတိန်မြို့ မွာလ်ပီးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းကာ ကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


မွာလ်ပီးရွာမှာ အခိုင်အမာအခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းဟာ စစ်ကိုင်းတိုင်း ကလေး မြို့နယ်နဲ့ ချင်းပြည်နယ်အစပ် ကလေး-သိုင်းငင်းလမ်းမပေါ်မှာရှိနေတာ ဖြစ်ပါတယ်။


အဲဒီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်မှုနဲ့အတူ မဟာမိတ်ပူးပေါင်းတပ်တွေက တစ်လနီးပါးကြား တိုက်ခိုက်ခဲ့ရတာဖြစ်ပြီး မနေ့ ဇူလိုင် ၅ ရက်မှာ သိမ်းယူနိုင်ခဲ့တာ ဖြစ်တယ်လို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း BVJကို အတည်ပြုထားပါတယ်။


ပြီးခဲ့တဲ့ မေလအတွင်းက ကလေးမြို့ စစ်ကောင်စီဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကနေ ချင်းပြည်နယ်ထဲကို အင်အားရာနဲ့ချီစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ပူးပေါင်းခုခံတိုက်ခိုက်ခဲ့တာကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ မွာလ်ပီးရွာမှာ ခြေကုပ်ယူတပ်စွဲထားတာလည်းဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်အများအပြား ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး Chinland Channel က ဖော်ပြထားသလို CNF/CNA ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီကလည်း လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုနဲ့ပတ်သက်ပြီး အတည်ပြုထားပါတယ်။


မွာလ်ပီးရွာတပ်စခန်းသိမ်းတိုက်ပွဲကို CNF/CNA ရဲ့ ဦးဆောင်မှုနဲ့အတူ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေဖြစ်တဲ့ CDF-CDM-Siyin ၊ CDF-KKG ၊ ကလေးပြည်သူ့ ကာကွယ်ရေးတပ် ၊ CDF-Mara ၊ PDF-Zoland နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ကလေး-သိုင်းငင်းလမ်းတလျှောက်နဲ့ မွာလ်ပီးရွာ တစ်လကြာတိုက်ပွဲအတွင်း ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ရဲဘော် ၇ ဦး ကျဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page