စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်ပြည်နယ်မှာ တပတ်အတွင်း အရပ်သား ၆ဦးသေဆုံး
- BVJ

- Jul 7
- 1 min read
BVJ/ဂျိုး _ ဇူလိုင် ၇၊ ၂၀၂၅

KNU ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ် ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ် မှာ စစ်ကောင်စီက ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပတ်အတွင်း အရပ်သား ၆ဦးသေ ဆုံးပြီးတော့ ၄ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ KNUက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၅ရက်နေ့ ညနေ ၆နာရီလောက်မှာ တောကြောင်ပေါက်ကျေးရွာ စာသင်ကျောင်း ကို စစ်ကောင်စီရဲ့ နတ်သံကွင်းအထိုင်တပ်ကနေ ဒရုန်းနဲ့လာရောက်ပြီးတော့ ၁၂၀(မမ) ဗုံးသီးတလုံးကြဲ ချခဲ့တာကြောင့် ကလေး ၂ဦးအပါအဝင် အရပ်သား ၆ဦးသေဆုံးပြီးတော့ ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင် အမျိုးသားအစည်းအရုံး KNUရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့ မနက်ပိုင်းမှာလည်း ခမရ(၃၅၁)တပ်ရင်း ဆင်မတောင်ကနေ လက်နက်ကြီး(၂)လုံးပစ်ခတ်ခဲ့ပြီး မူးမြို့နယ် ညောင်ပင်ကုန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ တာ ကြောင့် ရှမ်းချောင်းရွာကနေစစ်ဘေးရှောင်နေထိုင်သည့် အသက် ၃၀ကျော်အရွယ် အမျိုး သားတဦး ဒဏ်ရာရရှိခဲ့တာပါ။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ် ခလယ်လွီထူခရိုင်၊ မြိုနယ်(၃)ခု အတွင်းက ကျေးရွာတွေကို နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။ အခုလို စစ်ကောင်စီ ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှု တွေလည်း တိုး လာနေသလိဒေသခံတွေကြား စိုးရိမ်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNUရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။







Comments