top of page

မိနစ်ပိုင်းကြာထိတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်း KNLAကရဲဘော်တစ်ဦး ကျဆုံး

  • Writer: BVJ
    BVJ
  • Aug 22
  • 1 min read

BVJ/ဂျိုး-ဩဂုတ် ၂၁၊ ၂၀၂၅

ပုံစာ- မွန်ပြည်တော်လှန်ရေးတပ် (MSRF) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ- MSRF)
ပုံစာ- မွန်ပြည်တော်လှန်ရေးတပ် (MSRF) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ- MSRF)


မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ကျဆုံးရဲဘော် တစ်ဦးစီရှိခဲ့တယ်လို့ MSRFက ဒီနေ့မှာထုတ်ပြန်ထားပါတယ်။


မနေ့က ၂၀ရက်နေ့ မနက် ၉:၅၀အချိန်ကနေ မနက် ဆယ်နာရီဝန်းကျင်အထိ တိုက်ပွဲတစ်ကြိမ်နဲ့ ညနေ ငါးနာရီကနေ ညနေ ၅:၁၅နာရီဝန်းကျင်ထိတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။


အဲ့ဒီနှစ်ဘက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့သလို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင် KNLAတပ်ရင်း(၂၇) တပ်ခွဲ (၁)က ရဲဘော်တစ်ဦးကျဆုံးခဲ့တာဖြစ်ပါတယ်။


"မနေ့ကတော့ စကစဘက်ကအင်အား ၁၅၀လောက်ပါတဲ့ စစ်ကြောင်းကို ကျမတို့ကကြားဖြတ် တိုက်တာ။ဒီနေ့မှာတော့ တိုက်ပွဲဆက်ဖြစ်တာမရှိဘူး။ ဒါပေမယ့် စစ်ကောင်စီဘက်က ဘုရားကုန်းကျေး ရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာရှိတယ်။ မနေ့ကတိုက်ပွဲဖြစ်မှာတော့ ရန်သူဘက် ကကျားထိုးပြီးတက်လာတယ်။အဲမှာစစ်မှုထမ်းအသစ်တွေ ပါမယ်လို့ထင်တယ်။ သေဆုံးတာကိုတော့ မျက်မြင်အတည်ပြုခဲ့တယ်။ပြီးတော့ နောက်လည်း သုံးလေးယောက်လောက် ဒဏ်ရာရတာရှိတယ်"လို့ မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က Burma VJကိုပြောပါတယ်။


ရေးမြို့နယ်မြောက်ပိုင်းအောင်သပြေကျေးရွာ အနီးကို ခမရ ၅၈၈၊ ခလရ (၁၀၆)၊ အမတ ၃၁၇ တပ်ရင်း (၃)ရင်းတွေက စစ်ကြောင်းထိုးလာတာဖြစ်ပြီး အဲ့ဒီ စစ်ကောင်စီတပ်ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန လက်အောက်ခံတပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


ပုံစာ- မွန်ပြည်တော်လှန်ရေးတပ် (MSRF) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ

ဓာတ်ပုံ- MSRF


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page