top of page

"ဟိုရောက်သွားရင် ကျနော့်ထွက်ဆိုချက်ကိုပေးရမှာ။ ဒီ ၅၆ယောက်က ဘာကြောင့်လက်နက်ချ အညံ့ခံလိုက်တာလဲဆိုတာ။ကျနော်ခုံရုံးတင်စစ်ခံရမှာ"

  • Writer: BVJ
    BVJ
  • Jan 29
  • 1 min read

BVJ_ ဇန်နဝါရီ ၂၉၊ ၂၀၂၆

ထိုင်းအာဏာပိုင်တွေက အခုလ ဇန်န​ဝါရီ ၂၇ရက်မှာ မြန်မာဘက်ပြန်လွှဲပေးလိုက်တဲ့စစ်သုံ့ပန်းတွေထဲမှာ ရာထူးအကြီးဆုံးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ရဲမင်းဌေးလည်းပါဝင်တယ်လို့ ကရင်နီတပ်မှူးတစ်ဦးက အတည်ပြုပါတယ်။


ဒုတိယဗိုလ်မှူးကြီး ရဲမင်းဌေးအပါအဝင် အင်အားငါးဆယ်ကျော်ပါစစ်အုပ်စု တပ်ရင်းဟာ ၂၀၂၄ခုနှစ်၊အောက်တိုဘာလက ဖားဆောင်းတိုက်ပွဲမှာအဖမ်းခံခဲ့ရပြီး သူတို့ကိုဖမ်းဆီးချုပ်နှောင်ထားတဲ့ ကရင်နီအကျဥ်းစခန်းကနေ ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁၈ရက်​နေ့မှာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

BVJအဖွဲ့သားကိုအောင်ကြီးဟာ ၂၀၂၅ခုနှစ်အတွင်းက ကရင်နီအကျဥ်းစခန်းရောက်ရှိခဲ့ချိန်က စစ်သုံ့ပန်းဒုတိယဗိုလ်မှူးကြီး ရဲမင်းဌေးနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။


အခုအင်တာဗျူးထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ရဲ့အခြေအနေကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံနေရတုန်းက ဒုတိယဗိုလ်မှူးကြီး ရဲမင်းဌေးကပြောထားတဲ့သဘောထားကိုတွေ့နိုင်ပါတယ်။


တိုက်ပွဲမှာလက်နက်ချအဖမ်းခံလိုက်တဲ့အတွက် စစ်အုပ်စုလက်ထဲပြန်ရောက်သွားရင် သူဟာစစ်ခုံရုံးတင်စစ်ဆေးခံရပြီး အရေးယူခံရနိုင်ဖွယ်ရှိတယ်လို့လည်း ဒုတိယဗိုလ်မှူးကြီး ရဲမင်းဌေးက ထုတ်ပြောထားပါတယ်။


အင်တာဗျူးအပြည့်အစုံကို ဒီလင့် https://www.youtube.com/watch?v=s2KPiMQ-sOM ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။


Burma VJရဲ့ ယူကျူ့ချန်နယ်ကို subscribeလုပ်ပေးခဲ့ဖို့လည်း တောင်းဆိုပါရစေ...

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page