ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ EAOsတွေ့ဆုံ
- BVJ

- 2 days ago
- 1 min read
BVJ_ဇူလိုင် ၁၃၊ ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Theresa Lazaro(လာဇာရို)ဟာ ဒီနေ့တနင်္လာနေ့က ထိုင်းနိုင်ငံ၊ပတ္တရားမြို့မှာ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs)အချို့နဲ့ တံခါးပိတ်ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs)အချို့နဲ့တွေ့ဆုံရာမှာ လာဇာရိုနဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာစပ်လည်းပါဝင်ပါတယ်။
"ဒီအစည်းအဝေးက အလွန်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံ အထူးကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရတာဖြစ်လို့ပါပဲ"လို့ Lazaroက Bilyonaryo News Channelကိုပြောကြားခဲ့ပါတယ်။



Comments