ဟာလန်းရဲ့နောက်ကျဂိုးနဲ့ နော်ဝေ နောက်တဆင့်တက်
- BVJ

- Jul 1
- 1 min read
အိုင်ဗရီကို့စ် ၁ - ၂ နော်ဝေ

ပွဲပြီးခါနီး ၈၆မိနစ်မှာသွင်းယူခဲ့တဲ့ တိုက်စစ်မှုးဟာလန်းရဲ့နောက်ကျအနိုင်ဂိုးကြောင့် နော်ဝေအသင်းကမ္ဘာ့ဖလား (၁၆)သင်းအဆင့်ကိုတက်လှမ်းနိုင်ပြီဖြစ်ပါတယ်။
ပထမပိုင်း ၃၉မိနစ်မှာ နူဆာရဲ့လှပတဲ့ကန်သွင်းချက်နဲ့ နော်ဝေအသင်းကပွဲကို ဦးဆောင်ခဲ့ပါတယ်။ အိုင်ဗရီကို့စ်အတွက်ချေပဂိုးကို လူစားဝင်လာတဲ့မန်ချက်တာယူနိုက်တက် ကစားသမားအာမက်က ဒုတိယပိုင်း ၇၄မိနစ်မှာ တကိုယ်တော်စွမ်းဆောင်ရည်နဲ့ အံ့အားသင့်ဖွယ်သွင်းယူပေးခဲ့ပါတယ်။


ဟာလန်းရဲ့အနိုင်ဂိုးကြောင့် နော်ဝေအသင်း ၁၉၉၈ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကမ္ဘာ့ဖလား, (၁၆)သင်းအဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၅) ဂိုးသွင်းထားပြီး နော်ဝေလက်ရွေးစင်အသင်းအတွက် (၆၀)ဂိုးသွင်းယူပေးထားပါတယ်။
နော်ဝေအသင်းဟာ လာမယ့်တနင်္ဂနွေနေ့ ဇူလိုင်လ ၅ ရက်နေ့(BST စံတော်ချိန် ည ၉:၀၀ နာရီ)မှာ ဘရာဇီးအသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။




Comments