အမေရိကန်စစ်သား ၅၀၀၀ ပါဝင်တဲ့သင်္ဘောအုပ်စု ထိုင်းနိုင်ငံကိုရောက်ရှိ
- BVJ

- 1 minute ago
- 1 min read
ယူဂရင်း/BVJ_စက်တင်ဘာ ၂၊ ၂၀၂၆

အမေရိကန်ရေတပ် USS Abraham Lincoln (CVN-72)ဦးဆောင်တဲ့ လေယာဉ်တင်တိုက်ခိုက်ရေးရေယာဉ်အုပ်စုဟာ ထိုင်းနိုင်ငံ၊ Laem Chabang (လဲမ်ချဘန်) ဆိပ်ကမ်းကို ဒီနေ့ စက်တင်ဘာ ၂ရက်မနက်မှာ ရောက်ရှိဆိုက်ကပ်လာပါတယ်။

အခုဆိုက်ကပ်လာတဲ့ သင်္ဘောအုပ်စုတွေထဲမှာ လေယာဉ်တင်သင်္ဘော၊ ဒုံးကျည်တပ်ဖျက်သင်္ဘော၊ လေယာဉ်တင်သင်္ဘောတပ်ဖွဲ့နဲ့လေကြောင်းတပ်ဖွဲ့ဝင်တွေပါဝင်ပြီး အမေရိကန်စစ်သား အယောက် ၅၀၀၀နီးပါးပါဝင်လာတာကြောင့် ဒီပေါ်မှာစိတ်ဝင်မှုများပြားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။


ထိုင်းနိုင်ငံကိုအခုလိုဝင်ရောက်ရပ်နားခြင်းဟာ သင်္ဘောသားတွေနဲ့မရိန်းတပ်ဖွဲ့ဝင်တွေအတွက် အနားယူခွင့်ရစေဖို့နဲ့ အမေရိကန်–ထိုင်းနှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေဖို့အတွက်ဖြစ်တယ်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေကပြောကြားထားပါတယ်။
သူတို့တွေဟာ ပတ္တယားမှာငါးရက်ကြာအနားယူသွားမှာဖြစ်ပြီး အခုလိုလူထောင်နဲ့ချီလာရောက်အနားယူခြင်းကနေ ထိုင်းနိုင်ငံစီးပွားရေးအတွက်လည်းအထောက်အကူဖြစ်စေဖို့လည်း မျှော်လင့်ထားကြပါတယ်။
ဓါတ်ပုံ-USS Abraham Lincoln (CVN 72)




Comments