အိမ်ဖြူတော်ရှေ့ အမေရိကန်အလံမီးရှို့ဆန္ဒပြတဲ့စစ်ပြန် အဖမ်းခံရ
- BVJ

- Aug 27
- 1 min read
အေတီ/BVJ _ သြဂုတ်၂၆၊ ၂၀၂၅
သမ္မတဒေါ်နယ်ထရမ့် ရဲ့ အမေရိကန်အလံနဲ့ပတ်သက်တဲ့အမိန့်ကြေညာချက်ထုတ်ပြီး နာရီပိုင်းအတွင်း အိမ်ဖြူတော်ရှေ့မှာ အမေရိကန်အလံမီးပုံရှို့တဲ့စစ်ပြန်တစ်ဦး အဖမ်းခံခဲ့ရပါတယ်။ အလံမီးရှို့တဲ့စစ်ပြန်က သူ့ကိုယ်သူ စစ်မှုထမ်း နှစ်၂၀ ထမ်းခဲ့တဲ့စစ်ပြန်လို့မိတ်ဆက်ပြီး သမ္မတထရမ့်ရဲ့အမိန့်ကိုဆန့်ကျင်တဲ့အနေနဲ့ မီးရှို့ပြခဲ့တာဖြစ်ပါတယ်။
အမေရိကန်အလံ ဖျက်ဆီးစော်ကားမှုအပေါ် ပြစ်ဒဏ်တိုးမြှင့်တဲ့အမိန့်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မနေ့တုန်းက အိမ်ဖြူတော်မှာ လက်မှတ်ထိုးအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအမိန့်အရ အမေရိကန်အလံ ဖျက်ဆီးမီးရှို့တဲ့သူတွေဟာ ရာဇဝတ်မှုကျုးလွန်သူလို့ သတ်မှတ်ခံရမှာဖြစ်ပြီး ထောင်ဒဏ်တစ်နှစ်အနည်းဆုံး ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။
အမေရိကန်အလံနဲ့ပတ်သက်တဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမိန့်ထုတ်ပြန်ချက်ဟာ အမေရိကန် အလံမီးရှို့တဲ့ကိစ္စကို နိုင်ငံရေးဆန္ဒထုတ်ဖော်မှုတစ်ခုအဖြစ်သတ်မှတ်ခဲ့တဲ့ အမေရိက န်တရားရုံးချုပ်ရဲ့၁၉၈၉ခုနှစ် နာမည်ကျော် စီရင်ချက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
ဗီဒီယိုခရက်ဒစ်- CNN







Comments