top of page

တက္ကသိုလ်ကျောင်းသား ဟင်နရီ နိုဝပ်ခ်သေဆုံးမှုက ယူကေရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဖြေရှင်းမှုနဲ့ လူမျိုးရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေ ပိုမိုပေါ်ပေါက်လာစေခဲ့

  • Writer: BVJ
    BVJ
  • Jun 8
  • 1 min read

အေတီ/BVJ

ဟင်နရီ နိုဝပ်ခ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်ဖြေရှင်းပုံဝေဖန်ခံနေရပြီး အင်္ဂါနေ့က ဆောက်သမ်တန်မှာ အကြမ်းဖက်ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဟင်နရီ နိုဝပ်ခ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်ဖြေရှင်းပုံဝေဖန်ခံနေရပြီး အင်္ဂါနေ့က ဆောက်သမ်တန်မှာ အကြမ်းဖက်ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒေါင်းနင်းလမ်း (Downing Street)က ဝန်ကြီးချုပ်ရုံးခန်းမှာ ကြာသပတေးနေ့က ဟင်နရီနိုဝပ်ခ်ရဲ့ မိသားစုဝင်တွေနဲ့တွေ့ဆုံခဲ့ချိန်မှာ ကီယာစတာမာက တောင်းပန်စကားဆိုခဲ့ပြီး "တခြားမိသားစုတွေ ဒီလိုမျိုးဆုံးရှုံးမှုတွေမကြုံတွေ့ရအောင် ကာကွယ်ပေးဖို့" မိမိအနေနဲ့ခိုင်မာစွာဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။


ဆောက်သမ်တန်တက္ကသိုလ်ကျောင်းသား ဟင်နရီ နိုဝပ်ခ်ကို လူသတ်သမား ဝစ်ခရမ် ဒစ်ဂ်ဝါ (Vickrum Digwa)က နိုဝပ်ခ်က သူ့ကိုလူမျိုးရေးခွဲခြားဆဲဆိုခဲ့တယ်လို့ မဟုတ်မမှန်စွပ်စွဲတိုင်ကြားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ဆယ်ကျော်သက်လူငယ် နိုဝပ်ခ်ကိုဖမ်းဆီးခဲ့တာကနေ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းမှုမှားယွင်းမှုကြောင့် နိုဝပ်ခ်သေဆုံးခဲ့ရတာဖြစ်ပါတယ်။


ရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး "ဖြေရှင်းပေးရမယ့် ခက်ခဲတဲ့ မေးခွန်းတွေရှိနေတယ်"လို့ စတာမာကဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ခန္ဓာပေါ်မှာတပ်ဆင်ထားတဲ့ ကင်မရာ (bodycam)မှတ်တမ်းထဲမှာ ဟင်နရီက သူ ဓားနဲ့အထိုးခံထားရကြောင်း ရဲတပ်ဖွဲ့ဝင်တွေကို ထပ်ခါတလဲလဲပြောဆိုနေပေမယ့် လက်ထိပ်ဖြုတ်မပေးဘဲ ရဲတစ်ဦးက"ငါတော့ မထင်ဘူး"လို့ပြန်ပြောနေတာတွေ့ရပါတယ်။

ဆောက်သမ်တန်တက္ကသိုလ်ကျောင်းသား ဟင်နရီ နိုဝပ်ခ် ဓားထိုးခံရပြီးသေဆုံးသွားပါတယ်။
ဆောက်သမ်တန်တက္ကသိုလ်ကျောင်းသား ဟင်နရီ နိုဝပ်ခ် ဓားထိုးခံရပြီးသေဆုံးသွားပါတယ်။

အရေးပေါ်အခြေအနေမှာ ရဲတပ်ဖွဲ့ရဲ့အဓိကတာဝန်က ထိခိုက်ဒဏ်ရာရသူတွေကိုအသက်ကယ်ကူညီဖို့ဖြစ်ပါတယ်။ ဒါပေမယ့် Bodycam မှတ်တမ်းထဲမှာ အသက်ထွက်ခါနီးလူငယ်တစ်ဦးကို အရေးပေါ်ကုသမှုမပေးဘဲ လက်ထိပ်ခတ်ဖို့သာဦးစားပေးလုပ်ဆောင်ခဲ့ခြင်းက လူသားချင်းစာနာမှုကင်းမဲ့တာလို့ရှုမြင်ခံရစေပါတယ်။ ဒီလုပ်ရပ်ဟာ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့စံတန်ဖိုးတွေကို ပြင်းထန်စွာဝေဖန်ခံရစေတဲ့အချက်ဖြစ်ပါတယ်။


၂၃ နှစ်အရွယ် ဒစ်ဂ်ဝါကို ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလမှာကျူးလွန်ခဲ့တဲ့ ဟင်နရီနိုဝပ်ခ်ကိုသတ်မှုနဲ့ တနင်္လာနေ့က အနည်းဆုံး ထောင်ဒဏ် ၂၁ နှစ်အပါအဝင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ဟင်နရီ နိုဝပ်ခ် သေဆုံးမှုနဲ့ပတ်သက်ပြီး ဟမ်းရှိုင်းယား ရဲတပ်ဖွဲ့ (Hampshire Constabulary) ရဲ့ လုပ်ဆောင်ချက်တွေကို ရဲလုပ်ငန်းစဉ်စုံစမ်းရေးရုံး(IOPC)က စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

ဝစ်ခရမ် ဒစ်ဂ်ဝါကို လူသတ်မှုနဲ့ထောင်နှစ်ရှည်ချမှတ်ခဲ့ပါတယ်။
ဝစ်ခရမ် ဒစ်ဂ်ဝါကို လူသတ်မှုနဲ့ထောင်နှစ်ရှည်ချမှတ်ခဲ့ပါတယ်။


"ဒီအမှုမှာ မှားယွင်းမှုတွေကိုပြင်ဆင်ဖို့လိုအပ်သမျှ အရေးယူမှုတွေကို ကျွန်တော်တို့ ပြတ်ပြတ်သားသားလုပ်ဆောင်သွားမှာပါ။ သင်ခန်းစာယူဖို့၊ တရားမျှတမှုဖော်ဆောင်ဖို့နဲ့ မုန်းတီးမှုတွေထက် စည်းလုံးညီညွတ်မှုကို ရွေးချယ်ဖို့ဟာ ကျွန်တော်တို့ရဲ့ တာဝန်ပဲ"လို့ ယူကေဝန်ကြီးချုပ် ကီယာစတာမာက ပြောကြားခဲ့ပါတယ်။


အခြားတဖက်မှာလည်း ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ကမီ ဘာဒန်နော့ခ် (Kemi Badenoch)က ဟင်နရီနိုဝပ်ခ်ရဲ့ မိသားစုဝင်တွေနဲ့တွေ့ဆုံခဲ့ပြီး သူတို့အနေနဲ့ဒေါသတရားတွေနဲ့ဖြေရှင်းတာနဲ့ "လူ့အဖွဲ့အစည်းကို ကွဲပြားစေခြင်းမျိုး မလိုလားကြောင်း"ပြောခဲ့ပါတယ်။ ပြီးတော့ ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ဖို့ ပါတီအသီးသီးကပူးပေါင်းဆောင်ရွက်ပေးဖို့ သူတို့ တောင်းဆိုထားတယ်လို့ ပြောပါတယ်။


ဒါ့အပြင် ဘာဒန်နော့ခ်က ဆစ်ခ်ဘာသာရေးဓလေ့အရ လူသိရှင်ကြား ဓားကိုင်ဆောင်ခွင့်ပြုထားတဲ့ စည်းမျဉ်းတွေကို ပြန်လည်သုံးသပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဟင်နရီကို ဒစ်ဂ်ဝါက သူတို့ဘာသာရေးဓလေ့အရကိုင်ဆောင်တဲ့ ဓားနဲ့ထိုးခဲ့တာဖြစ်ပါတယ်။


ဘီလျံနာသူဌေးကြီး အီလွန်မတ်စ်အနေနဲ့ ယူကေနိုင်ငံ‌ရေးမှာ ဝင်ရောက်စွက်ဖက်တာမလုပ်ဖို့ ယူကေဝန်ကြီးချုပ် ကီယာစတာမာက ကြာသပတေးနေ့မှာ တောင်းဆိုသတိပေးလိုက်ပါတယ်။

X ဆိုရှယ်ပလပ်ဖောင်းပိုင်ရှင် ဘီလျံနာသူဌေး အီလွန်မတ်စ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ဟင်နရီ နိုဝပ်သေဆုံးမှုနဲ့ပတ်သက်ပြီးးဝေဖန်ရေးသားခဲ့မှုကြောင့် ယူကေဝန်ကြီးချုပ် ကီယာစတာမာက အခုလိုတုံ့ပြန်လာရတာဖြစ်ပါတယ်။

ဟင်နရီနိုဝပ်ခ်ရဲ့ ဖခင်၊မိခင်နဲ့ မိထွေးတို့ ယူကေဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးနောက် အမှတ်၁၀ဒေါင်းနင်းလမ်းက ပြန်လည်ထွက်ခွာလာစဥ်။
ဟင်နရီနိုဝပ်ခ်ရဲ့ ဖခင်၊မိခင်နဲ့ မိထွေးတို့ ယူကေဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးနောက် အမှတ်၁၀ဒေါင်းနင်းလမ်းက ပြန်လည်ထွက်ခွာလာစဥ်။

ဝန်ကြီးချုပ်က အီလွန်မတ်စ်ဟာအဆိုပါအမှုနဲ့ပတ်သက်ပြီး ယူကေမှာ "သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်နေတယ်"လို့ စွပ်စွဲထားပါတယ်။ဟင်နရီ နိုဝပ်သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး အင်္ဂါနေ့ညက ဆောက်သမ်တန်မှာဖြစ်ပွားခဲ့တဲ့ဆန္ဒပြမှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။


ခရက်ဒစ်-ဘီဘီစီ


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page