top of page

နီပေါနိုင်ငံ Trishuli-3Aရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းတစ်ခုထဲမှာပိတ်မိနေတဲ့ လူရာပေါင်းများစွာကိုကယ်တင်နိုင်ဖို့ကြိုးစားနေ

  • Writer: BVJ
    BVJ
  • 2 days ago
  • 1 min read

နီသွင်/BVJ_သြဂုတ် ၃၁၊ ၂၀၂၆

ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားပြီးနောက် Trishuli 3A ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းအတွင်းပိတ်မိနေတဲ့သူတွေကိုကယ်တင်ဖို့ ကြိုးစားနေတဲ့ကယ်ဆယ်ရေးလုပ်သားများ။
ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားပြီးနောက် Trishuli 3A ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းအတွင်းပိတ်မိနေတဲ့သူတွေကိုကယ်တင်ဖို့ ကြိုးစားနေတဲ့ကယ်ဆယ်ရေးလုပ်သားများ။

ဗုဒ္ဓဟူးနေ့ကဖြစ်ပွားခဲ့တဲ့ ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် နီပေါနိုင်ငံ Trishuli-3A ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းတစ်ခုထဲမှာပိတ်မိနေတဲ့ လူရာပေါင်းများစွာကိုကယ်ထုတ်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကိုပိုမိုတိုးမြှင့် လုပ်ဆောင်နေပြီဖြစ်ကြောင်း နီပေါအစိုးရကပြောပါတယ်။


တရုတ်နဲ့အိန္ဒိယနိုင်ငံက ကျွမ်းကျင်သူတွေအပါအဝင် ကယ်ဆယ်ရေးအဖွဲ့တွေဟာပိတ်မိနေသူတွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေကြပေမဲ့ လက်ရှိအချိန်အထိ ဥမင်လိုဏ်ခေါင်းထဲကနေ ဘာအကြောင်းပြန်သံမှမရသေးဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ပျောက်ဆုံးနေတယ်လို့သတင်းပေးပို့ထားတဲ့ လူပေါင်း ၂,၅၀၀ ကျော်ထဲက လူရာပေါင်းများစွာဟာ နီပေါနိုင်ငံရဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေမှာလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။နီပေါနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနဲ့ စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပျောက်ဆုံးနေသူတွေထဲမှာ ရေအားလျှပ်စစ်အလုပ်သမား ၉၃၃ဦးပါဝင်နေတယ်လို့ ဆိုပါတယ်။


ဗုဒ္ဓဟူးနေ့ကဖြစ်ပျက်ခဲ့တဲ့ ဒီဘေးအန္တရာယ်ကြောင့် နီပေါနိုင်ငံမှာ လူပေါင်း အနည်းဆုံး ၇၉၄ဦးသေဆုံးခဲ့ပြီး လူပေါင်း ၂,၅၀၀ကျော်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသတွင်းတာဝန်ရှိသူတွေကပြောပါတယ်။ တိဘက်ဒေသမှာတော့ တရုတ်နိုင်ငံပိုင် မီဒီယာတွေရဲ့ဖော်ပြချက်အရ တရားဝင်သေဆုံးသူစာရင်းမှာ ၁၆ဦးရှိပြီး ပျောက်ဆုံးနေသူ ၅၄၆ဦးရှိတယ်လို့ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေအနေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းထောက်တွေကပြောပါတယ်။

ထရီရှူလီ ၃အေ (Trishuli 3A) ရေအားလျှပ်စစ်စက်ရုံမှာဆိုရင် ကယ်ဆယ်ရေးသမားတွေဟာ တနင်္ဂနွေနေ့အထိတစ်ညလုံးမအိပ်မနေဘဲ အလုပ်လုပ်ခဲ့ကြပြီး ဥမင်လိုဏ်ခေါင်းထဲမှာ ပိတ်မိနေနိုင်သူတွေနဲ့ အဆက်အသွယ်ရရှိဖို့ ရည်ရွယ်ချက်နဲ့ လေဝင်လေထွက်ပိုက်လိုင်းတွေသွယ်တန်းနိုင်ဖို့နဲ့ အစားအစာတွေချပေးနိုင်ဖို့ အပေါက်ဖောက်နေကြပါတယ်။

ခရက်ဒစ် - ဘီဘီစီ

ပုံစာ- ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများဖြစ်ပွားပြီးနောက် Trishuli 3A ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေတဲ့သူတွေကိုကယ်တင်ဖို့ ကြိုးစားနေတဲ့ ကယ်ဆယ်ရေးလုပ်သားများ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page