အီရန်နျူကလီးယားစီမံကိန်းတွေကို အမေရိကန်တိုက်ခိုက်မှု မထိရောက်ဘူးလို့ ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြ
- BVJ

- Jun 25, 2025
- 1 min read
BVJ/အေတီ _ ဇွန် ၂၅ ၊ ၂၀၂၅

အမေရိကန်ရဲ့ တိုက်ခိုက်ခဲ့မှုဟာ အီရန်ရဲ့ နျူကလီးယားအစီအစဥ်တွေကို ထိထိရောက်ရောက် မဖျက်ဆီးနိုင်ခဲ့တာကြောင့် အဲ့ဒီနျူကလီးယားအစီအစဥ်တွေ လပိုင်းအတွင်း ပြန်စနိုင်တဲ့အခြေအနေရှိနေတဲ့အကြောင်း ပေါက်ကြားလာတဲ့ ထောက်လှမ်းရေးအစီခံစာတစ်စောင်ကို ကိုးကားပြီး အမေရိကန်သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်လက်အောက်က ထောက်လှမ်းရေးအေဂျင်စီတစ်ခုရဲ့ အီရန်နျူကလီးယားစီမံကိန်းတွေ ပျက်စီးသွားမှုအခြေအနေ အသေးစိတ်သတင်းထုတ်ပြန်ချက် အစီရင်ခံစာတစ်စောင် CBS သတင်းဌာနနဲ့ အခြားမီဒီယာတွေဆီ ပေါက်ကြားလာပါတယ်။
ဒီသတင်းပေါက်ကြားလာမှုတွေထဲက အချက်အလက်တွေဟာ မှားယွင်းနေပြီး သမ္မတ ဒေါ်နယ်ထရမ့်ကို ပြစ် တင်ရှုတ်ချဖို့ကြိုးစားတဲ့ ကြိုးပမ်းမှုတစ်ခုသက်သက်သာဖြစ်ကြောင်း အိမ်ဖြူတော်က တုံ့ပြန်ပါတယ်။
သမ္မတထရမ့်အမိန့်နဲ့ အမေရိကန်က အီရန်ရှိ နျူကလီးယားစီမံကိန်း ၃ခုကို ပြီးခဲ့တဲ့ စနေနေ့မနက် အစောပိုင်းက တိုက်ခိုက်ခဲ့ပြီး၊ နျူကလီး ယားစီမံကိန်းကို ပြန်မစနိုင်လောက်တော့အောင် ပျက်စီးသွားပြီလို့ လူသိရှင်ကြားထုတ်ပြန်ပြီးနောက်ပိုင်း အထက်ပါထောက်လှမ်းရေးအစီခံစာ ပေါက်ကြားလာတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အစ္စရေးနှင့် အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ကတော့ နေတိုးထိပ်သီးဆွေးနွေးပွဲတက်ဖို့ နယ်သာလန်နိုင် သည်ဟိတ်မြို့ကို ရောက်နေပါတယ်။ သူဟာ ၂၀၁၉ခုနှစ်နောက်ပိုင်း နေတိုးထိပ်သီးဆွေးနွေးပွဲတက်ရောက်တဲ့ အမေရိကန်သမ္မတဖြစ်ပါတယ်။



Comments