top of page

အတိုက်အခံပါတီခေါင်းဆောင် လီဂျေးမြောင် တောင်ကိုရီးသမ္မတသစ်ဖြစ်လာ

  • Writer: BVJ
    BVJ
  • Jun 4
  • 1 min read

BVJ/Moore _ ဇွန် ၄ ၊ ၂၀၂၅

ree

တောင်ကိုရီးယားနိုင်ငံမှာ ဇွန် ၃ ရက်က ပြုလုပ်ခဲ့တဲ့ သမ္မတသစ်ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင် လီဂျေးမြောင် အနိုင်ရရှိခဲ့ပြီး ၆ လကြာ နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်ခဲ့ပါတယ်။


သမ္မတဟောင်း ယွန်ဆတ်ယိုက နိုင်ငံကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှု၊ ခေါင်းဆောင်လေဟာနယ်ဖြစ်မှုတွေနဲ့အတူ တောင်ကိုရီးယားနိုင်ငံဟာ ၆ လကြာ နိုင်ငံရေးအကျပ်အတည်းတွေ ကြုံတွေ့နေခဲ့ရတာလည်း ဖြစ်ပါတယ်။


သမ္မတသစ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကို ၂၂ ရက်ကြာ ပြုလုပ်ခဲ့ရပြီးနောက် နိုင်ငံတော်အာဏာကို ကွန်ဆာဗေးတစ်ပါတီဖြစ်တဲ့ People Power Party ထံကနေ ဒီမိုကရက်တစ်ပါတီက လွှဲပြောင်းရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က သမ္မတရွေးကောက်ပွဲမှာ ကျဉ်းမြောင်းတဲ့မဲရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၃ နှစ်အကြာမှာ ပြန်လည်အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။


၂၀၂၅ ဇွန် ၃ ရက် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေးမြောင်က ၄၉ ဒသမ ၄၂ ရာခိုင်နှုန်း ရရှိခဲ့ပြီး People Power Party က ၄၁ ဒသမ ၁၅ ရာခိုင်နှုန်းရရှီခဲ့တယ်လို့ အမျိုးသားရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။


အသက် ၆၀ အရွယ် လီဂျေးမြောင်ဟာ တောင်ကိုရီးယားသမ္မတသစ်အဖြစ် ရွေးကောက်ခံရပြီးနောက် သူ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း ပြဿနာတွေ ဖြေရှင်းရဖို့ရှိနေသလို နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေးကျဆင်းမှုတွေကိုလည်း ရင်ဆိုင်ဖြေရှင်းရဖို့ ရှိနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page