top of page

ကျားဖြန့်ခေါင်းဆောင် ရှီကျစ်ကျန်း တရုတ်နိုင်ငံကိုရောက်ရှိ

  • Writer: BVJ
    BVJ
  • Nov 13
  • 1 min read

BVJ_နိုဝင်ဘာ ၁၃၊ ၂၀၂၅

မနေ့က နိုဝင်ဘာ ၁၂ရက်ညနေက ထိုင်းနိုင်ငံ၊သုဝဏ္ဏဘူမိလေဆိပ်ကနေ တရုတ်နိုင်ငံကိုပို့လိုက်တဲ့ ကျားဖြန့်ခေါင်းဆောင်ရှီကျစ်ကျန်းဟာ တရုတ်နိုင်ငံထဲကိုရောက်သွားပါပြီ။ သူ့ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဖမ်းဆီးခဲ့ပြီး တရုတ်အစိုးရရဲ့တောင်းဆိုမှုကြောင့် တရုတ်နိုင်ငံကို မနေ့ကလွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။


ရှီကျစ်ကျန်းဟာတရုတ်နိုင်ငံသားဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်လည်း ခံယူထားသူပါ။ သူဟာ ကမ္ဘောဒီယားကကျားဖြန့်စင်တာနဲ့ ထိုင်င်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့သစ်က အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ ကာစီနို၊ဖျော်ဖြေရေးနဲ့ခရီးသွားလုပ်ငန်းဆိုင်ရာ အဆောက်အအုံတွေပါဝင်တဲ့ ကျားဖြန့်အင်ပါယာကို ဦးဆောင်ခဲ့တဲ့သူပါ။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page