စစ်ကောင်စီဒရုန်းထိပြီး ပခုက္ကူခရိုင် တပ်ရင်း-၁၃က တပ်စုတပ်ကြပ်ကြီး ကျဆုံး
- BVJ

- Jul 24
- 1 min read
BVJ/မိုနာ_ ဇူလိုင် ၂၄၊ ၂၀၂၅


ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက တပ်စုတပ်ကြပ်ကြီး ဆန်းလင်းကို(ခ)အလင်းသစ်ဟာ စစ်ကောင်စီရဲ့ဒရုန်းထိမှန်ပြီး မနေ့က ဇူလိုင် ၂၃ရက် မနက် ၁၂နာရီအချိန်မှာ ကျဆုံးခဲ့တယ်လို့ တပ်ရင်းကဒီနေ့မှာထုတ်ပြန်ပါတယ်။
ရန်သူ့ယာယီစခန်းကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးချိန် ရန်သူ့ဒရုန်းကနေကြဲချတဲ့ ဒရုန်းဗုံးသီးကျရောက်ပေါက်ကွဲပြီး ရှေ့တန်းတနေရာမှာကျဆုံးခဲ့ရတာဖြစ်တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းက ပြောထားပါတယ်။


မကွေးတိုင်းစစ်ဌာန၊အမှတ် (၂)စစ်ဗျူဟာ၊ စစ်ဗျူဟာ(၂) လှုပ်ရှားနယ်မြေအတွင်း တာဝန်ထမ်းဆောင်ချိန်မှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။


အသက်ကိုစွန့်လွှတ်ပြီး တော်လှန်ရေးတာဝန်တွေကိုစွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့အတွက် မိခင်တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်တွေအားလုံးက ဂုဏ်ယူအလေးပြုအပ်ပါတယ်လို့လည်း မိခင်တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ပုံစာ-ဒရုန်းထိပြီးကျဆုံးခဲ့တဲ့ ဆန်းလင်းကို(ခ)အလင်းသစ် စျာပနပြုလုပ်နေပုံ(ဓါတ်ပုံ-ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်း)







Comments