top of page

တံတားဦးစစ်ဆင်ရေးအောင်မြင်ခဲ့တဲ့တပ်ဖွဲ့တွေကို NUGဂုဏ်ပြု

Writer: BVJ
BVJ
5 days ago
1 min read

မိုနာ/BVJ_စက်တင်ဘာ ၁၅၊ ၂၀၂၆

၂၀၂၆၊ စက်တင်ဘာ ၁၀ရက်က တံတားဦးစစ်ဆင်ရေးဖော်ဆောင်နေတဲ့ အမျိုးသမီးဒရုန်းတပ်ဖွဲ့ဝင်တွေ။
၂၀၂၆၊ စက်တင်ဘာ ၁၀ရက်က တံတားဦးစစ်ဆင်ရေးဖော်ဆောင်နေတဲ့ အမျိုးသမီးဒရုန်းတပ်ဖွဲ့ဝင်တွေ။

တံတားဦးလေတပ်စခန်းကို "အထူးစစ်ဆင်ရေး"အဖြစ်တိုက်ခိုက်ခဲ့ကြတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို အသိအမှတ်ထားဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတနဲ့ဝန်ကြီးချုပ်တို့က စက်တင်ဘာ ၁၄ရက်မှာသဝဏ်လွှာပေးပို့လိုက်ပါတယ်။


မန္တလေးတိုင်းအတွင်းရှိ တံတားဦးလေတပ်စခန်းကို"အထူးစစ်ဆင်ရေး "အဖြစ် အခုလ စက်တင်ဘာ ၁၀ရက် နေ့လယ် ၁း၃၀အချိန်မှာ မြင်းခြံခရိုင်စစ်ဌာနကဦးဆောင်ပြီး မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ (MDDS)၊ မန္တလေးခရိုင် အမှတ်(၃)တပ်ရင်း၊ ကျောက်ဆည်ခရိုင်အမှတ်(၂)တပ်ရင်း၊ တံတားဦးမြို့နယ် ပကဖ၊ စဉ့်ကိုင်မြို့နယ် ပကဖ၊ ငါန်းဇွန်းမြို့နယ်ပကဖ၊ STF(Special task Force)နဲ့ ရွှေဘိုခရိုင်စစ်ဌာန အမှတ်(၁)၊(၂)ပူးပေါင်းတပ်ဖွဲ့တို့က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


အဲ့ဒီစစ်ဆင်ရေးအတွင်းမှာ စစ်တပ်ဘက်က YAK-130တိုက်လေယာဉ်တွေရပ်နားထားတဲ့နေရာတွေကို တိကျစွာချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့တဲ့အပြင် မြေပြင်စစ်ဆင်ရေးမှာလည်း စစ်တပ်ဘက်က လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ(၇)က ဗိုလ်မှူးကြီးမျိုးလှိုင်ဦးအပါအဝင် တပ်ဖွဲ့ဝင်(၅)ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေရဲ့ စစ်ရေးစွမ်းရည်နဲ့ရဲရင့်မှုကို အထူးမှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ယာယီသမ္မတဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းတို့လက်မှတ်ထိုးထားတဲ့ NUGဂုဏ်ပြုသဝဏ်လွှာမှာဖော်ပြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဒရုန်း တံတားဦးလေတပ်စခန်းအတွင်း ရောက်ရှိသွားပုံ။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဒရုန်း တံတားဦးလေတပ်စခန်းအတွင်း ရောက်ရှိသွားပုံ။

စစ်ဆင်ရေးအတွင်း အသက်ပေးလှူကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော်(၃)ဦးရဲ့ စွန့်လွှတ်စွန့်စားမှုကိုလည်း လေးနက်စွာဦးညွတ်အလေးပြုကြောင်းနဲ့ ကျန်ရစ်သူမိသားစုနဲ့အတူ ဝမ်းနည်းကြောင်းလည်းဖော်ပြထားပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်ဘက်ဗဟိုချက်နေရာတွေကို အရှိန်အဟုန်မြှင့်ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့လည်း အခုသဝဏ်လွှာထဲမှာပြောထားပါတယ်။

ဓါတ်ပုံ-မန္တလေးPDF
ဓါတ်ပုံ-မန္တလေးPDF

အသိအမှတ်ထားဂုဏ်ပြုခံရတာနဲ့ပတ်သက်ပြီး မန္တလေးPDFကလည်း “ဂုဏ်ပြုသဝဏ်လွှာတစ်စောင်အဖြစ် လက်ခံရရှိခဲ့ခြင်းအတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးအတွက် မိမိတို့တတ်နိုင်သမျှ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ အသိအမှတ်ပြုဂုဏ်ပြုသဝဏ်လွှာပေးမှုအပေါ် အထူးကျေးဇူးတင်ရှိပါသည်။

ယုံကြည်ချက်၊ စိတ်ဓာတ်နှင့် တာဝန်သိစိတ်တို့ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုပါသည်”လို့ပြောထားပါတယ်။


တံတားဦးစစ်ဆင်ရေးနဲ့ပတ်သက်ပြီး အာဏာစသိမ်းစစ်တပ်ဘက်ကလည်း FPVဒရုန်း(၆)စင်းနဲ့တိုက်ခိုက်ခံရကြောင်းအတည်ပြုထုတ်ပြန်ထားပြီး ထိခိုက်မှုမရှိဘူးလို့လည်းဆိုထားပါတယ်။စစ်ဆင်ရေးအပြီး ထွက်ပေါ်လာတဲ့ရုပ်သံဖိုင်တွေထဲမှာတော့ ရပ်ထားတဲ့တိုက်လေယာဉ်တွေနားကိုဒရုန်းကျသွားတာကို မြင်တွေ့ရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page