အာဏာသိမ်းပြီးနောက် လေးနှစ်ခွဲကာလကိုအခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရကြောင်း စစ်ခေါင်းဆောင် ထုတ်ပြော
- BVJ

- Jul 31
- 1 min read
ဒုတိယစာမျက်နှာကို လက်ရေးလှလှရေးဖို့ပြင်နေ
မိုနာ/BVJ_ဇူလိုင် ၃၁၊ ၂၀၂၅

အာဏာသိမ်းလေးနှစ်ခွဲကာလမှာ လုပ်ငန်းအရပ်ရပ်ကိုအခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကျော်လွှားခဲ့ရပြီး အခုလက်ရှိအခြေအနေရောက်အောင် ဝိုင်ဝန်းဆောင်ရွက်ကြတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ကျေးဇူးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်မှာ မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောပါတယ်။
အခုကပထမစာမျက်နှာပြီးသွားတာဖြစ်ပြီး ဒုတိယစာမျက်နှာစတော့မှာဖြစ်တာကြောင့် အောင်မြင်အောင် ဝိုင်းဝန်းကူညီကြဖို့ကိုလည်း စစ်ခေါင်းဆောင်ကမှာနေပါတယ်။
“နောင်မှာလည်း ဆက်လျှောက်ရမယ့်ခရီးစဉ်တွေမှာလည်း ကျွန်တော်တို့ ဒီလိုပဲအောင်အောင်မြင်မြင်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျွန်တော်တိုက်တွန်းလိုပါတယ်၊ ဆက်လျှောက်လှမ်းမယ့်ခရီး၊ နိုင်ငံတော်ရဲ့ရှေ့ခရီးကတော့ အများကြီးကျန်ပါသေးတယ်။ ဒါတွေက ကျွန်တော်တို့က ဒုတိယစာမျက်နှာရဲ့အစ ဖြစ်ပါတယ်၊ ပထမစာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ။ ဒုတိယစာမျက်နှာအစကို ကျွန်တော်တို့သွားတာပေါ့။ ဒုတိယစာမျက်နှာအစမှာ ကျွန်တော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့လုပ်ရကျိုးကနေ ပိုပြီးလုပ်ရကျိုးနပ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”

အရေးပေါ်ကာလ ခြောက်လသက်တမ်းတိုးထားတဲ့ စစ်ကောင်စီဟာ ဒီနေ့မှာသက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ကာလုံကိုအစည်းအဝေးခေါ် အာဏာပြန်အပ်ရမှာဖြစ်ပါတယ်။
အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲအထမြောက်ဖို့အတွက် ဥပဒေတွေကိုပြင်ဆင်ပြဌာန်းတာတွေလုပ်နေပြီး ရွေးကောက်ပွဲမှာ ပြည်သူတရပ်လုံးပူးပေါင်းပါဝင်ဖို့နဲ့ မဲပေးကြဖို့ကိုလည်း တိုက်တွန်းနေပါသေးတယ်။
Photo-MOI







Comments