top of page

မက္ကဆီကိုအနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားပွဲဦးထွက်ပွဲစဉ်ဒုတိယပိုင်းမှာ ကစားသမား ၃ ဦးအနီကဒ်နဲ့အထုတ်ခံရ

  • Writer: BVJ
    BVJ
  • 6 days ago
  • 1 min read

မက္ကဆီကို ၂-၀ တောင်အာဖရိက

အခု ဇွန် ၁၁ရက်မှာစတင်ခဲ့တဲ့ ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲပွဲဦးထွက်ပွဲစဥ်မှာ အိမ်ရှင်မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို ၂ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။


ဂျူလီယန် ကွီနိုနက်စ်နဲ့ ရာအူးလ် ဂျီမီနက်ဇ်တို့သွင်းဂိုးတွေနဲ့ အိမ်ရှင်မက္ကဆီကို အသင်းအနိုင်ရခဲ့ပြီး ပွဲချိန်ဒုတိယပိုင်းမှာ အနီကတ်(၃)ကြိမ်နဲ့ ကစားသမား(၃)ဦးထုတ်ပယ်ခံရတဲ့အထိ ပွဲကပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။


မက္ကဆီကိုတိုက်စစ်မှူး ဂျူလီယန် ကွီနိုနက်စ် (Julian Quinones)ဟာ ဆော်ဒီကလပ် (Al-Qadsiah)အသင်းရဲ့တိုက်စစ်အတွက် ၂၀၂၅/၂၆ ဆော်ဒီပရိုလိဂ် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် လိဂ်သွင်းဂိုး ၃၃ ဂိုးသွင်းပေးထားတဲ့သူဖြစ်ပါတယ်။

တောင်အာဖရိက က စဖီဖီလို စီသိုးလီနဲ့ သမ်ဘာ ဇွာနီတို့ ၄၉မိနစ်နဲ့ ၈၄မိနစ်မှာ အနီကတ်နဲ့ထုတ်ပယ် ခံခဲ့ရပြီး၊ ပွဲပြီးခါနီးဒဏ်ရာအချိန်ပိုမှာ မက္ကဆီကိုက စီဇာ မွန်တက်စ်လည်းထုတ်ပယ်ခံခဲ့ရပါတယ်။ ၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ထုတ်ပယ်ခံရတဲ့ကစားသမားအဖြစ် တောင်အာဖရိကကစားသမား စီသိုးလီက စာရင်းဝင်သွားပါတယ်။


ဒီပွဲမှာ မက္ကဆီကိုအသင်းအနေနဲ့ တောင်ကိုရီးယားအသင်းနဲ့ယှဉ်ပြိုင်ရမယ့် နောက်တစ်ပွဲအတွက် ယုံကြည်မှုအပြည့်နဲ့ဆက်လက်ချီတက်နိုင်တော့မှာဖြစ်ပေမယ့် တောင်အာဖရိကအသင်းအတွက်ကတော့ စိတ်ပျက်စရာကောင်းတဲ့ ပွဲဦးထွက်ရလဒ်တစ်ခုရရှိသွားပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page