top of page

အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်ပြုဆက်ဆံနေတဲ့ထိုင်းအစိုးရကို ယူကေရောက်မြန်မာတွေကန့်ကွက်ဆန္ဒပြ

  • Writer: BVJ
    BVJ
  • 5 days ago
  • 1 min read

BVJ_စက်တင်ဘာ ၂၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုအပေါ် အသိအမှတ်ပြုဆက်ဆံနေတဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကိုကန့်ကွက်တဲ့ဆန္ဒပြပွဲကို လန်ဒန်မြို့ရှိထိုင်းသံရုံးရှေ့မှာ ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို Global Actionပုံစံနဲ့ ပြုလုပ်ခဲ့ကြပြီး ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာရှိတဲ့ ထိုင်းသံရုံးရှေ့တွေမှာလည်း ဆန္ဒပြခဲ့ကြကာ စစ်အုပ်စုကိုအသိအမှတ်မပြုဖို့ ထိုင်းဝန်ကြီးချုပ် အနုတင်ကို တိုက်တွန်းတဲ့စာတွေကိုပေးအပ်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲအပြီးမှာ ထိုင်းဝန်ကြီးချုပ်အနုတင်ဆီကိုလိပ်မူထားတဲ့စာတစ်စောင်ကို လန်ဒန်က ထိုင်းသံရုံးကိုပေးအပ်ခဲ့ပါတယ်။ အဲဒီစာထဲမှာ မြန်မာဒုက္ခသည်တွေကိုလက်ခံပေးထားတဲ့ ထိုင်းနိုင်ငံကိုကျေးဇူးအထူးတင်ရှိကြောင်း၊ ဒါပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့တာဟာ မြန်မာပြည်သူမြောက်မြားစွာကိုသတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်ကောင်ကို အသိအမှတ်ပြုရာရောက်ကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့NUGအစိုးရကို အသိအမှတ်ပြုဖို့ တိုက်တွန်းကြောင်းစတာတွေကို ရေးသားထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို တရားဝင်သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒီခရီးစဉ်အပေါ် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်ကလည်း စစ်အုပ်စုကို ထိုင်းအစိုးရကအသိအမှတ်ပြုမှု ပေးသလိုဖြစ်စေတယ်ဆိုပြီး ကန့်ကွက်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဓါတ်ပုံ- ဟန်ထွန်း ( လန်ဒန်)


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page