top of page

တော်လှန်ရေး အတက်ဘက်ရောက်လိုက် အကျဘက်ရောက်လိုက်ဖြစ်နေတယ်လို့ KNDO စစ်ဦးစီးချုပ် ပြော

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read
  • ပန်းတိုင်ကိုရောက်ဖို့ KNDOဆက်ရှိမယ်


BVJ/မိုနာ_ဇူလိုင် ၁၆၊ ၂၀၂၅

KNDOစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေ
KNDOစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေ

တော်လှန်ရေးကိုပြန်ကြည့်မယ်ဆိုပါက တခါတရံအတက်ဖက်ကိုရောက်ပြီး တခါတရံ အကျဘက်ကို ရောက်နေတယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDOစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေက ဒီနေ့ ဇူလိုင် ၁၆ရက်မှာကျရောက်တဲ့ (၇၈)ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့မှာ ပြောပါတယ်။

 

KNUရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ လွတ်လပ်တဲ့ကရင်ပြည်တည်ထောင်ဖို့နဲ့ ကရင့်ကံကြမ္မာကရင်ဖန်တီးနိုင်ဖို့ အတွက် ပန်းတိုင်ကိုမရောက်သေးတာကြောင့် KNDOကဆက်ရှိသွားမှာဖြစ်ပြီး ပန်းတိုင်ကိုရောက်ရှိဖို့ KNUမှာတင်မဟုတ်ဘဲ ပြည်တွင်းပြည်ပရောက်နေတဲ့ တမျိုးသားလုံးမှာ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

 

“မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က အဘယ်နည်းဖြင့်ပြိုလဲသွားမည်ကို အတပ်မသိသေးပေ။ သို့ရာတွင် ကျွန်ုပ်တို့သည် လက်နက်ကိုင်စွဲထား၍ဆက်လက်တိုက်ပွဲဝင်သွားမည်။ ကမ္ဘာအနှံ့အပြားတွင် နေထိုင်ကြသော ကရင်လူမျိုးများအား တိုက်တွန်းလိုသည့်အချက်မှာ ယခုကဲ့သို့ ဆိုးသွမ်းသည့်ရန်သူကို အနိုင်ယူရန်အတွက် ၎င်းတို့ထက်သာလွန်၍ သန်မာကြံ့ခိုင်နေကြရန်လိုသည်။ သန်မာကြံ့ခိုင်ရန်အတွက် စည်းလုံးခြင်းက အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့ တော်လှန်ရေးကို ပြန်ကြည့်မည်ဆိုပါက တခါတရံ အတက်ဖက်သို့ရောက်ပြီး တခါတရံ အကျဖက်သို့ ရောက်သွားသည်ကို တွေ့ရသည်။ ထို့အတွက် ကျွန်ုပ်တို့ လူမျိုးတွေဟာစည်းလုံးညီညွတ်နေရန် လိုအပ်သည်။ ကျနော်တို့ရန်သူက အရမ်းထူးချွန်နေ၍ ကျနော်တို့အားနည်းသွားခြင်းမဟုတ်ပါ။ ကျနော်တို့ အချင်းချင်းအကြားစည်းလုံးညီ ညွတ်မှုနှင့် နားလည်မှုလိုအပ်ချက်များ ရှိနေသည်သာဖြစ်သည်”လို့ KNDOစစ်ဦးစီးချုပ်ရဲ့ တိုက်တွန်းအားပေးစကားထဲမှာ ထည့်သွင်းပြောပါတယ်။

 

မိဘဘိုးဘွားဘီဘင်လက်ထက်ကတည်းက အကြမ်းဖက်မှုတွေကို နှစ်ရှည်လများ လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဟာ အခိုင်အမာအမြစ်တွယ်နေပြီဖြစ်တဲ့အတွက် အလွယ်တကူပြိုလဲသွားမှာမဟုတ်ဘဲ ကြံ့ကြံခံတည်ရှိနေဆဲဖြစ်ပေမယ့် တနေ့မှာမုချပြိုလဲသွားဖို့ သံန္နိဠာန်အခိုင်အမာ ချမှတ်ထားတယ်လို့လည်း ပြောပါတယ်။

 

“ဗိုလ်ချုပ်ကြီးစောဘိုမြပြောသည့် စကားတခွန်းရှိသည်။ “တော်လှန်ရေး တွင် အချောင်သမားရှိမည်၊ အဖျက်သမားရှိမည်၊ အမှန်စင်စစ် တော်လှန်ရေးလုပ်သူများလည်းရှိမည်။ ထို့ကြောင့် ကျွန်ုပ်တို့ တော်လှန်ရေးကို အမှန်တကယ်လုပ်မယ်ဆိုမည်ဆိုပါက စစ်မှန်သော တော်လှန်ရေးဖြစ်ရန် လိုအပ်သည်”လို့ ဗိုလ်မှူးချုပ်စောရှီးလေက ပြောပါတယ်။

 

ဒါ့အပြင် တော်လှန်‌ရေးကိုလက်လျော့သူတွေဟာ ရိုရိုးလက်လျော့တာမဟုတ်ဘဲ အခြားသူတွေကိုပါ စိတ်ဓါတ်ကျဖို့ပုတ်ခတ်ပြောဆိုတာတွေလုပ်နေတာကြောင့် စိတ်ဓါတ်တွေကျဆင်းလာပြီး တော်လှန်ရေးဟာ မကြာသင့်ဘဲကြာနေတာဖြစ်တယ်လို့လည်း ပြောပါတယ်။

 

ဒါကြောင့်ရည်မှန်းချက်ပန်းတိုင်ခိုင်ခိုင်မာမာထားပြီး ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် တော်လှန်ရေးဟာ မကြာမီကာလမှာအနိုင်ရရှိမယ်လို့ KNDOစစ်ဦးစီးချုပ်ရဲ့ တိုက်တွန်းချက်ထဲမှာ ထည့်ပြောပါတယ်။

 အလားတူပဲ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း စည်းလုံးညီညွတ်မှုနဲ့ကရင်လူမျိုးတို့ရဲ့ ဖြစ်တည်မှု၊ ဝိသေသလက္ခဏာ၊ဂုဏ်သိက္ခာ၊ အခွင့်အရေးနဲ့လွတ်လပ်မှုတို့ကို အတူတကွ တည်ဆောက်သွားကြဖို့နဲ့ ဘဝတူလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာတွေနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အလေးထားအားပေးတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားကြရမှာ ဖြစ်တယ်လို့ KNDOနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောခဲ့ပါတယ်။

 

ပုံစာ- KNDOစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေနဲ့ တပ်ဖွဲ့ဝင်များ

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page