ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ၈၁ ကီလိုမီတာခရီးကိုစကိတ်စီးခဲ့တဲ့ သားငယ်ကိုထိန်လင်း
- BVJ

- 5 days ago
- 1 min read
BVJ_ဇွန် ၁၉၊ ၂၀၂၆
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း(ခ)Kim Arisဟာ မိခင်ဖြစ်သူအတွက်ရည်ရွယ်တဲ့ "81 for 81 Proof of Lifeကမ်ပိန်းအတွက် မနေ့က (၁၇/၀၆/၂၆) မှာ ၈၁ ကီလိုမီတာ ခရီးစဉ်ကိုစကိတ်စီးပြီး အောင်မြင်စွာဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို လန်ဒန်မြို့ အနောက်တောင်ဘက်ရှိ Richmond Parkမှာမနက် ၇ နာရီကတည်းကစတင်ခဲ့တာဖြစ်ပြီး ညနေ ၆:၃၀ နာရီမှာတော့ပန်းဝင်နိုင်ခဲ့တာပါ။
အခုလို ၈၁ ကီလိုမီတာခရီးရှည်ကြီးကို စကိတ်စီးနိုင်ဖို့အတွက်သူဘယ်လိုမျိုးကြိုတင်ပြင်ဆင်လေ့ကျင့်ခဲ့ရသလဲဆိုတာကို ကိုထိန်လင်းက Burma VJ ကို အခုလိုပဲရှင်းပြပါတယ်။
လွတ်လပ်သည့် ကျွန်ုပ်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် မိတ်ဆွေတို့တစ်ဦးချင်းစီ၏ အကူအညီကအလွန်အရေးပါပါသည်။ Paypal၊ Wise၊ NUGPayတို့ဖြင့် Burma VJကိုကူညီ၊ထောက်ပံ့နိုင်ပါသည်။
bvjnews*nugpay.app

Comments