မင်နီးဆိုးတာမှာ ကရင်အမျိုးသမီးတစ်ဦးဖမ်းဆီးခံရ
- BVJ

- 1 day ago
- 1 min read
BVJ_ဇန်နဝါရီ ၁၀၊ ၂၀၂၆
မင်နီဆိုးတားပြည်နယ်က ကရင်အမျိုးသမီးတစ်ဦးဟာ ဒီနေ့ ဇန်နဝါရီ ၁၀ရက်နေ့က အမေရိကန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ (ICE)အဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
သူ့ကိုစစ်ဆေးတဲ့အချိန်မှာ နေထိုင်ခွင့်အထောက်အထားစာရွက်စာတမ်းတွေ မပြနိုင်လို့ဖမ်းခံရတာလို့သိရပြီး စာရွက်စာတန်းမရှိသူမဟုတ်ကြောင်းအမေရိကန်နိုင်ငံတွင်းက မြန်မာပြည်သားတွေအကြောင်းဖော်ပြပေးနေတဲ့ The Burmese American ပေ့ချ်မှာဖော်ပြထားပါတယ်။
ဇန်နဝါရီ ၇ရက်နေ့ကလည်း မင်နီဆိုးတားပြည်နယ်၊မင်နီယာပိုလစ်မြို့မှာ အသက် ၃၇ နှစ်အရွယ် ရီနီးနီကိုးလ်ဂွတ်ဒ်ဆိုတဲ့အမျိုးသမီးတစ်ဦးကို အမေရိကန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ (ICE)အဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် အမေရိကန်နိုင်ငံထဲမှာဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။
ဖမ်းဆီးခံရသူအမျိုးသမီးဟာ ကရင်လူမျိုးတစ်ဦးဖြစ်ကာ ကလေး ၄ယောက်ရှိပြီး ၂၀၂၄ခုနှစ်၊နိုဝင်ဘာလကမှ မင်နီဆိုးတားပြည်နယ်ကိုပြောင်းရွှေခိုလှုံလာသူလို့သိရပါတယ်။
ဗီဒီယိုခရက်ဒစ်-The Burmese American




Comments