ဖားကန့်မြေစာပုံဟောင်းပြိုကျပြီး ရွှေ့ပြောင်းလုပ်သားနှစ်ယောက်သေဆုံး
- BVJ

- Oct 24
- 1 min read
ယူဂရင်း/BVJ_အောက်တိုဘာ ၂၄၊ ၂၀၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာမှာ မနေ့က အောက်တိုဘာ ၂၃ရက်ညနေပိုင်းမှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူနှစ်ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။
မြေစာအဟောင်းပုံပြိုကျကာ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး ၁၄နှစ်အရွယ်လူငယ်တစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိပါတယ်။
“ပအို့ဝ်ကုမ္ပဏီကကျင်းသိမ်းချိန်မှာပြိုကျပြီးသေသွားတာ။ ပွဲချင်းပြီးပဲ။ ပြိုကျတယ်ဆိုတော့ ဘတ်ဟိုးနဲ့အမြန်ကယ်ဖို့လုပ်ပေမယ့် မမှီတော့ဘူး။ သေသွားတဲ့ နှစ်ယောက်က ရခိုင်တိုင်းရင်းသားတွေလို့လည်း ပြောနေကြတယ်”လို့ ဒေသခံက Burma VJကိုပြောပါတယ်။
ဖားကန့်မှာ မကြာခဏမြေစာပုံပြိုကျလေ့ရှိကာ ထိခိုက်သေဆုံးသူတွေရှိတတ်ပြီး သေဆုံးသူအများစုဟာ ရေမဆေးရှာဖွေသူတွေဖြစ်ပါတယ်။
အခုနှစ် ဇူလိုင်လ ၂၁ရက်မှာလည်း မှော်စီစာကျေးရွာအပိုင်း၊ တောင်ယာကုန်းကျေးရွာရှိ တင်အောင်ကြိုင်ကုမ္ပဏီလုပ်ကွက်ဟောင်းမှာ မြေစာပုံနဲ့ချောက်ကမ်းပါးပြိုကျပြီး ကျောက်ရှာဖွေသမား ၁၇ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။







Comments