ဟာလန်းရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ ဘရာဇီးကိုအနိုင်ယူပြီး နော်ဝေ ကွာတားဖိုင်နယ်တက်
- BVJ

- Jul 6
- 1 min read
ဘရာဇီး ၁ -၂ နော်ဝေ

နော်ဝေအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံ ငါးကြိမ်ဖြစ်ခဲ့ဖူးတဲ့ဘရာဇီးအသင်းကို ၂-၁ ဂိုးနဲ့အနိုင်ယူပြီး ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်လှမ်းနိုင်ခဲ့ပါတယ်။ ဟာလန်းက ၇၉မိနစ်မှာခေါင်းတိုက်ပြီး နော်ဝေအသင်းအတွက်ပထမဂိုးသွင်းယူပေးခဲ့ပြီး၊ မိနစ်၉၀မှာပေ ၂၀အကွာကပြင်းထန်တဲ့ အဝေးကန်ချက်နဲ့ ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ လူစားဝင်တဲ့နေမာက ၉၉မိနစ်မှာ ဘရာဇီးအတွက်ပင်နယ်တီကတဆင့်ချေပဂိုးသွင်းခဲ့ပေမယ့် အချိန်မမှီတော့ဘဲ ဘရာဇီးတို့ နော်ဝေကို အရှုံးပေးလိုက်ရပါတယ်။ ဒီသွင်းဂိုးနှစ်ဂိုးကြောင့် ဟာလန်းဟာ(၇)ဂိုးနဲ့ ထိပ်ဆုံးနေရာက ကမ္ဘာ့ဖလားရွှေဖိနပ်ဆုအတွက်ယှဥ်ပြိုင်နေတဲ့ အမ်ဘာပေနဲ့မက်ဆီတို့အုပ်စုထဲရောက်သွားပြီဖြစ်ပါတယ်။

ကမ္ဘာ့ဖလားသမိုင်းမှာ တစ်ဦးချင်းသွင်းဂိုး(၇)ဂိုးနဲ့အထက်သွင်းယူတဲ့ ကစားသမား(၃)ဦးတပြိုင်ထဲပေါ်ထွက်လာတာက မကြုံဖူးသေးတဲ့အလွန်ရှားပါးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
ပွဲအစပိုင်း၁၄မိနစ်မှာ ဘရာဇီးကစားသမားဂူမာရက်စ်ရဲ့ ပယ်နယ်တီကန်သွင်းတာကို နော်ဝေဂိုးသမားကကာကွယ်နိုင်ခဲ့တာက ဘရာဇီးအသင်းအတွက် အခွင့်အရေးဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီပယ်နယ်တီသာဂိုးဝင်ခဲ့ရင် ပွဲအခြေအနေတမျိုးတဖုံပြောင်းလဲသွားနိုင်ပါတယ် ။

ဘရာဇီးလိုကမ္ဘာ့ချန်ပီယံဟောင်းအသင်းကြီးတစ်သင်းကို အနိုင်ယူနိုင်ခဲ့ခြင်းက နော်ဝေအသင်းအတွက် ဘောလုံးသမိုင်းမှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါတယ်။ဘရာဇီးအသင်း အခွင့်အရေးကောင်းတွေကိုအသုံးမချနိုင်ခဲ့ခြင်းနဲ့ ဟာလန်းရဲ့ တစ်ဦးချင်းခြေစွမ်းကိုမထိန်းချုပ်နိုင်ခဲ့ခြင်းက ဒီပွဲရှုံးနိမ့်မှုရဲ့ အဓိက အကြောင်းရင်းတစ်ခုလို့ ပြောနိုင်ပါတယ်။




Comments