မြန်မာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရက်ပိုင်းအတွင်းတွေ့ဖို့စီစဥ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကပြော
- BVJ

- 3 days ago
- 1 min read
အေတီ/BVJ_ ဇွန် ၁၀၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Ma. Theresa Lazaro)က မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေပိုမိုသိရှိနားလည်ဖို့၊ဖြေရှင်းနိုင်ဖို့နဲ့ အချက်အလက်ရှာဖွေနိုင်ရေးအတွက် မြန်မာ့တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ လာမယ့်ရက်ပိုင်းအတွင်းတွေ့ဆုံသွားမှာဖြစ်ကြောင်း ဒီနေ့ဗုဒ္ဓဟူးနေ့မှာပြောကြားပါတယ်။
ဂျပန်နိုင်ငံ၊တိုကျိုမြို့မှာ Nikkeiကစီစဉ်ကျင်းပတဲ့ဖိုရမ်တစ်ခုမှာ လာဇာရိုက "ကျွန်မအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့တွေ့ဆုံပြီး လက်ရှိအခြေအနေကိုသိရှိနိုင်ဖို့နဲ့ ကျွန်မတို့ဘယ်လိုမျိုး တကယ်တမ်းကူညီပေးနိုင်မလဲဆိုတာကို ရှာဖွေသွားဖို့ရည်ရွယ်ထားပါတယ်" လို့ပြောခဲ့တာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ အခုနှစ်အာဆီယံ (ASEAN)ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး၊ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.)က လာဇာရိုကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ထားပါတယ်။
တွေ့ဆုံမယ့်ထဲမှာ ဘယ်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့တွေ့ဆုံမယ်၊ ဘယ်နေရာမှာတွေ့ဆုံမလဲဆိုတာကိုတော့ လာဇာရိုကအသေးစိတ်ပြောကြားခြင်မရှိသေးပါဘူး "ဘယ်လိုမျိုး ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ"လို့ လာဇာယိုက ဖြည့်စွက်ပြောပါတယ်။
မြန်မာစစ်အုပ်စုခေါင်းဆောင်ပိုင်းကို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့်ပိတ်ပင်ထားဆဲဖြစ်ပေမယ့် ဧပြီလမှာအယောင်ပြအရပ်သားအစိုးရသစ်တက်လာပြီးနောက်ပိုင်း အာဆီယံအဖွဲ့ကမြန်မာနိုင်ငံနဲ့ပြန်လည်ထိတွေ့ဆက်ဆံနိုင်မယ့် နည်းလမ်းတွေရှာဖွေလျက်ရှိပါတယ်။
ရွေးကောက်ပွဲအတုကတက်လာတဲ့ သမ္မတအတု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း သူတို့အစိုးရသစ်အနေနဲ့ အာဆီယံနဲ့ပုံမှန်ဆက်ဆံရေး ပြရအောင်ကြိုးပမ်းသွားမယ်လို့ပြောထားပါတယ်။ ၂၀၂၆ခုနှစ်၊ဇန်နဝါရီလအတွင်းမှာလည်း မနီလာမြို့မှာ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကို ဖိလစ်ပိုင်ဘက်ကကျင်းပပေးခဲ့ဖူးပါတယ်။
ခရက်ဒစ်-ရိုက်တာ




Comments