top of page

ဟာရီကိန်းရဲ့နောက်ကျဂိုး​တွေနဲ့ အင်္ဂလန်အနိုင်ရ

  • Writer: BVJ
    BVJ
  • Jul 2
  • 1 min read

အင်္ဂလန် ၂ - ၁ ဒီအာကွန်ဂို

သောမတ်စ် တူဟယ်လ် (Thomas Tuchel) ရဲ့အင်္ဂလန်အသင်းဟာ ဘရိုင်ယန် ဆီပင်ဂါ (Brian Cipenga)သွင်းတဲ့ဂိုးကြောင့် အစောပိုင်း ၇ မိနစ်မှာတင် ဒီအာကွန်ဂိုကိုဂိုးပေးလိုက်ရပါတယ်။


ခြေပဂိုးရဖို့ အသည်းအသန်နောက်ကလိုက်ကစားခဲ့ရပြီး ပွဲချိန် (၇၅)မိနစ်မှာ ဟာရီကိန်းကချေပဂိုးသွင်းယူခဲ့ပြီးနောက် ၈၆မိနစ်မှာလည်း နောက်တစ်ဂိုး သွင်းယူပေးခဲ့ပြီး အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့ပါတယ်။

ခြေစွမ်းပျောက်နေတဲ့ မာကပ်ရက်စ်ဖို့နေရာမှာ အန်သိုနီဂေါ်ဒွင်ဝင်လာပြီး၊ မာဒူ‌ကေးနေရာမှာ ဘူကာယိုဆာကာဝင်လာတာက အင်္ဂလန်အသင်းကစားအားပိုကောင်းလာပြီး ဂိုးနှစ်ဂိုးဆက်တိုက်ရခဲ့တာဖြစ်ပါတယ်။


ဒီနေ့ပွဲမှာနှစ်ဂိုးသွင်းယူပြီး အင်္ဂလန်အသင်းကိုနောက်တဆင့်ပို့ဆောင်ပေးခဲ့တဲ့ အသင်းခေါင်းဆောင်ဟာရီကိန်းရဲ့ စွမ်းဆောင်ရည်နဲ့ကြိုးစားမှုကိုအသိအမှတ်ပြုရမှာပါ။ အင်္ဂလန်အသင်းဟာ ဇူလိုင်လ ၆ ရက်၊ တနင်္လာနေ့၊ ဗြိတိန်စံတော်ချိန် မနက် ၁:၀၀ နာရီမှာ မက္ကဆီကိုအသင်းနဲ့ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page