ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် လူ ၁၂၀ နဲ့ပုံဖော်ရိုက်ကူး
- BVJ

- 3 hours ago
- 1 min read
BVJ_ဇွန် ၂၄၊ ၂၀၂၆
နော်ဝေနိုင်ငံ၊ဖရိုလန်းမြို့က ဒေါ်အောင်ဆန်စုကြည်ပန်းခြံမှာ လူအယောက် ၁၂၀ကပိုစတာတစ်ခုစီကိုင်ပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကိုပုံဖော်ရိုက်ကူးခဲ့ကြပါတယ်။
ဒါဟာ ဇွန်လ ၂၀ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာပြုလုပ်တဲ့ လူထုခေါင်းဆောင်ရဲ့ အသက်၈၁နှစ်ပြည့်မွေးနေ့ပွဲနဲ့ နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုကို နော်ဝေ၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ စင်္ကာပူ၊ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ ပြင်သစ်၊ ဖင်လန်၊ အင်္ဂလန်၊ အိန္ဒိယနဲ့ အီတလီအစရှိတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်ပရောက်မြန်မာမိသားစုတွေ ပါဝင်အားဖြည့်ခဲ့ကြပါတယ်။
လွတ်လပ်သည့် ကျွန်ုပ်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် မိတ်ဆွေတို့တစ်ဦးချင်းစီ၏ အကူအညီကအလွန်အရေးပါပါသည်။ Paypal၊ Wise၊ NUGPayတို့ဖြင့် Burma VJကိုကူညီ၊ထောက်ပံ့နိုင်ပါသည်။

Comments