စစ်အာဏာသိမ်းငါးနှစ်ပြည့် လန်ဒန်မှာဆန္ဒပြ
- BVJ

- Feb 3
- 1 min read
BVJ_ဖေဖော်ဝါရီ ၁ရက်၊ ၂၀၂၆
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထဲကနေ စစ်အုပ်စုကအာဏာလုယူခဲ့တာဟာ အခုဆိုငါးနှစ်ကျော်သွားပြီဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုရဲ့အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်တဲ့ဆန္ဒပြပွဲတစ်ခုကို လန်ဒန်မြို့၊ ယူကေပါလီမန်ရှေ့က ရင်ပြင်မှာ အခုလ ဖေဖော်ဝါရီ ၁ ရက်နေ့ကကျင်းပခဲ့ပြီး ယူကေရောက်မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံ ၆၀၀ ခန့်ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်း (Kim Aris)၊ ယူကေနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးမောင်မောင်အောင်နဲ့ ဒေါက်တာသက်ကိုကို၊ မတရားဖမ်းဆီးခံထားရတဲ့ NLD အစိုးရ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ရဲ့သား ကိုစိုင်းတို့နဲ့အတူ ယူကေရောက် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက် စကားပြောခဲ့ကြတာဖြစ်ပါတယ်။

Comments