top of page

ချောင်းဦးဗုံးကြဲခံမှုအတွင်း သေဆုံးသူတွေထဲမှာ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်သူတွေပါဝင်

  • Writer: BVJ
    BVJ
  • Oct 7
  • 1 min read

မိုနာ/BVJ_ အောက်တိုဘာ ၇၊ ၂၀၂၅

ree

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ချောင်းဦးနယ်အစပ်ကို မနေ့ကသီတင်းကျွတ်လပြည့်နေ့ညမှာ စစ်အုပ်စုကလေထီးနဲ့ဗုံးလာကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင်သေဆုံးသူတွေရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲက ဒီနေ့မှာထပ်မံသေဆုံးသူတွေရှိလာတာကြောင့် သေဆုံးသူအရေအတွက်ပိုတိုးလာပြီလို့ ဒေသခံတွေဆီကသိရပါတယ်။

 

“သေဆုံးသူက လက်ရှိထိ ၂၀ပါဗျ။ အမျိုးမျိုးတော့ ရေးနေကြတာပေ့ါ။ ဒဏ်ရာရသူကတော့ ၄၀ ကျော်တယ် ။ သုံးယောက်ကဒဏ်ရာပြင်းထန်တယ်။ အခက်အခဲတွေကလည်းအများကြီးပေါ့။ ပစ်တာက ဂျိုင်ရိုကော်ပတာရော ၊ပါရာမိုတာရော လာတာ။ ပစ်တာကနှစ်ချက်ပဲ။ တစ်လုံးက လူအုပ်ပေါ်တည့်တည့်ကျတာ။ တစ်လုံးကချောင်းစပ်ရောက်သွားတာ။ သတင်းအတိအကျရလို့ကိုလာတာဆိုတော့ ဒလန်ကြောင့်ပဲလို့ယူဆတယ်”လို့ ချောင်းဦးမြို့နယ်ဒေသခံက Burma VJကိုပြောပါတယ်။

 

အခုသေဆုံးသူတွေထဲမှာ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီက လူငယ်ခေါင်းဆောင်တွေလည်းပါဝင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

“လောလောဆယ်သိရသလောက်တော့ မုံရွာ-အမြင့်လမ်းသပိတ်က ဦးဆောင်နေသူ လေးဦးလောက်သေဆုံးတဲ့ထဲပါသွားတယ်။ သူတို့ကတကယ်လုပ်နေတဲ့သူတွေပါ။ အမြဲတမ်းတက်တက်ကြွကြွနဲ့ လူထုကိုဦးဆောင်နိုင်သူတွေလည်းဖြစ်တယ်။ တကယ်ကိုဆုံးရှုံးမှုကြီးပါတယ်။ လက်ရှိက သေဆုံးသူတွေကိုအတိအကျပြောလို့မရတဲ့ အခြေအနေမျိုးဖြစ်နေသေးတယ်”လို့ Burma VJကိုပြောပါတယ်။

 

ree

မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ အဖွဲ့ဝင်တွေကလည်း အဖွဲ့ဝင်တွေသေဆုံးသွားတဲ့အတွက် ဝမ်းနည်းကြောင်းတွေကို လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။

 

“ငါတို့ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီကွာ။ ငါတို့ လူမစုံကြတော့ဘူး...အချစ်ရဆုံးသူတွေမို့ နှမြောမိတာ...ရင်တွေကွဲပြီးရင်းကွဲပဲ။ မင်းတို့ကအတူတူသွားကြတာနော်”လို့ သေဆုံးသွားသူတွေရဲ့ ရုပ်သံဖိုင်နဲ့အတူ ဝမ်းနည်းကြောင်းဖော်ပြထားပါတယ်။

 

ree

သေဆုံးသူတွေထဲမှာ လသားကလေးငယ်တွေလည်းပါဝင်ပြီး ဆီမီးထွန်းပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်နေချိန်ဖြစ်တာကြောင့် ပွဲကိုလာရောက်သူ များပြားခဲ့တယ်လို့လည်း သိရပါတယ်။

 

မုံရွာခရိုင်တပ်ရင်း(၄) တပ်ခွဲ(၃)ရဲ့ facebookပေ့ချ်မှာတော့“ကျွန်တော်တို့မှာ နာရေးကိစ္စတွေအပြင် လိုအပ်နေသေးတဲ့သွေးအမျိုးအစားအစုံလည်း ရှာနေရတဲ့အတွက်မည်သည့်သတင်းဌာနကိုမှ ပြန်ဖြေမည်မဟုတ်ပါ”လို့ အခုနေ့လယ်မှာ ရေးသားဖော်ပြထားပါတယ်။

 

စစ်အုပ်စုက စက်တပ်လေထီးပါရာမော်တာနဲ့ ၁၂၀မမဗုံး နှစ်လုံးကြဲချခဲ့တာဟာ ပွဲခင်းတည့်တည့်ကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပွဲချင်းပြီးသေဆုံးသူတွေများပြားပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းများပြားခဲ့ပါတယ်။ လက်ရှိမှာ သေဆုံးသူ အယောက် ၄၀ခန့်ရှိလာပြီလို့ ဒေသတွင်းသတင်းတွေမှာဖော်ပြကြပေမယ့် Burma VJအနေနဲ့ အရေအတွက်အတိအကျကို အတည်ပြုနိုင်တာမရှိသေးပါဘူး။

 

ပုံစာ- မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီက ကျဆုံးသွားသူအဖွဲ့ဝင်လေးဦးနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးနေပုံ(ဓါတ်ပုံ-အညာသူ facebook ၊ MonywaNightKing)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page