top of page

ရေကြီးနေတဲ့ဘန်ကပီမှာ စျေးရောင်းစျေးဝယ်မပြတ်ရှိနေ

Writer: BVJ
BVJ
18 hours ago
1 min read

BVJ_စက်တင်ဘာ ၂၈၊ ၂၀၂၆

နှစ်ရက်ဆက်တိုက်မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ ဘန်ကပီမှာ ဒီနေ့စက်တင်ဘာ ၂၈ရက်မှာ ရေထဲစျေးရောင်း၊စျေးဝယ်ပြုလုပ်နေကြတာဖြစ်ပါတယ်။

၄၈နာရီဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် ဘန်ကပီခရိုင်ဟာရေကြီးမှုအမြင့်ဆုံးဖြစ်လာတဲ့ ပထမဆုံးနေရာတွေထဲမှာပါဝင်ပြီး လက်ရှိမှာလည်းအခြေအနေဆိုးရွားကာ စိုးရိမ်စရာကောင်းတဲ့နေရာတစ်ခုအဖြစ် ဆက်လက်ရှိနေပါတယ်။ရေမြင့်တက်မှုကဆက်လက်ရှိနေဆဲဖြစ်ပြီး အဲ့ဒါကိုဖြေရှင်းနိုင်ဖို့အတွက် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA)ကလုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့တပါတ်အတွင်းက ထိုင်းနိုင်ငံမှာမိုးများပြီးနောက် ဘန်ကောက်မှာရေကြီးကာ 7/11ဆိုင်တွေအပါအဝင် စျေးဝယ်စင်တာကြီးတွေထဲအထိ အစားအသောက်နဲ့အခြောက်အခြမ်း ပစ္စည်းပြတ်တဲ့အထိဝယ်ယူမှုတွေဖြစ်ပွားခဲ့ပါတယ်။

လက်ရှိမှာမိုးကရွာသွန်းမှုနည်းသွားပေမယ့် ရေကလူတယောက်ရဲ့ခါးလောက်အထိရှိနေဆဲဖြစ်ပြီး ယာဉ်ငယ်တွေသွားလို့မရသေးဘဲ ကားအကြီးအမြင့်တွေသာသွားလို့ရသေးတာကိုတွေ့ရပါတယ်။

ရေကြီးရေလျှံမှုကြောင့် ဘန်ကောက်မြို့နယ်တွင်းက ခရိုင် ၅၀ စလုံးကို ဘေးအန္တရာယ်ကျရောက်ရာဒေသတွေအဖြစ် အာဏာပိုင်တွေကကြေညာထားတာဖြစ်ပြီး ရေကြီးမှုကိုဖြေရှင်းဖို့အတွက် ဒီနေ့နဲ့မနက်ဖြန်ကို အစိုးရရုံးပိတ်ရက်အဖြစ်လည်းသတ်မှတ်ထားပါတယ်။

ပုံစာ-ရေကြီးနေတဲ့ဘန်ကပီမှာ စျေးရောက်းစျေးဝယ်ပြုလုပ်နေပုံ(ဓါတ်ပုံ-Reporters)


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page