top of page

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် မူဘောင်ကို အလျှော့ပေးမှာ မဟုတ်ဘူးလို့ အာဆီယံ အထူးကိုယ်စားလှယ် ပြောကြား

Writer: aung thwin
aung thwin
3 days ago
1 min read
၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့က မနီလာမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း အဖွင့်မိန့်ခွန်း ပြောကြားနေတဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို ကို တွေ့ရစဥ်
၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့က မနီလာမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း အဖွင့်မိန့်ခွန်း ပြောကြားနေတဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို ကို တွေ့ရစဥ်

သူရ/BVJ - ၁၄ နိုဝင်ဘာ၊ ၂၀၂၆


မြန်မာနိုင်ငံ အနေနဲ့ အဆင့်မြင့် အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခွင့် ရရေးဆိုင်ရာ အဆိုပြုချက်တွေကို ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ပေမဲ့၊ ဘုံသဘောတူညီချက် ၅ ချက် မူဘောင်အောက်ကနေ မြန်မာ့အရေးအပေါ် ချဉ်းကပ်လုပ်ဆောင်နေတဲ့ ပုံစံကိုတော့ အာဆီယံဘက်က လျှော့ပေါ့ပေးမှာ မဟုတ်ဘူးလို့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဒီကနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။


ဘုံသဘောတူညီချက် ၅ ချက်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီး ဖြစ်ပေါ်လာတဲ့ မြန်မာ့အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းဖို့ အာဆီယံရဲ့ အဓိက မူဘောင်တစ်ခု ဖြစ်ပါတယ်။ အဲဒီအထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ သက်ဆိုင်သူ အားလုံးကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ တောင်းဆိုထားသလို၊ အာဆီယံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးတွေလည်း ပါဝင်ပါတယ်။


မနက်ဖြန် တနင်္ဂနွေနေ့မှာ စတင်မယ့် မနီလာမြို့ အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ မြန်မာစစ်တပ် ကျောထောက်နောက်ခံပြု ခေါင်းဆောင်တွေကို အဆင့်မြင့် အစည်းအဝေးတွေ တက်ရောက်ခွင့် ၅ နှစ်ကြာ ပိတ်ပင်ထားတာကို လျှော့ပေါ့ပေးဖို့ အာဆီယံအပေါ် ဖိအားတွေ တိုးမြင့်လာနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေတဲ့ကြားကပဲ ထိုင်းနိုင်ငံနဲ့ တခြား အဖွဲ့ဝင်နိုင်ငံ တချို့က မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေကို တိုးမြှင့်လုပ်ဆောင်လာကြပါတယ်။


အာဆီယံ အထူးကိုယ်စားလှယ်လည်းဖြစ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မာ ထရီဆာ လာဇာရို (Ma. Theresa Lazaro) က ဘုံသဘောတူညီချက် ၅ ချက်အပေါ် ပြန်လည်သုံးသပ်ချက် မူကြမ်းကို ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်ပြီး အာဆီယံ ခေါင်းဆောင်တွေဆီကို “အဆိုပြုချက် အများအပြား” တင်ပြသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီပြန်လည်သုံးသပ်မှုကြောင့် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ပိုင်းအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ပြင်ဆင်ပြောင်းလဲလာနိုင်မလားလို့ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းရာမှာတော့ “ပွင့်ပွင့်လင်းလင်း ဖြေရရင်တော့ မြန်မာ့အရေး ချဉ်းကပ်ပုံကို လျှော့ပေါ့ပေးတာမျိုး မရှိပါဘူး။ ဘုံသဘောတူညီချက် ၅ ချက်က ဆက်ရှိနေတုန်းပါပဲ” လို့ လာဇာရို က ပြန်လည်ဖြေကြားခဲ့ပါတယ်။


မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခွင့် ပြုဖို့ ထိုင်းနိုင်ငံရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီကိစ္စကို ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ပေမဲ့ မြန်မာနိုင်ငံရဲ့ နေရာမှာ ဝန်ကြီးကို တက်ရောက်ခွင့်ပြုဖို့ ဘာဆုံးဖြတ်ချက်မှ မချရသေးဘူးလို့ လာဇာရို က ဆိုပါတယ်။

“ဒီကိစ္စက ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်မှာ ရှိနေတုန်းပါပဲ။ ဆက်လက်ဆွေးနွေးရမယ့် အကြောင်းအရာ တစ်ခုအဖြစ် ရှိနေဆဲပါ” လို့ သူမက ပြောပါတယ်။


အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ မနီလာမြို့မှာ တွေ့ဆုံကြတဲ့အခါ မြန်မာနိုင်ငံကို ဖယ်ကြဉ်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ကြဖို့ ရှိနေပါတယ်။

 
 
 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page