top of page

အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီ

  • Writer: BVJ
    BVJ
  • 3 days ago
  • 1 min read

ဘုန်းမောက်၁-၁ မန်စီးတီး


BVJ_မေ ၂၀၊ ၂၀၂၆

ဒီနေ့ မေ၂၀ရက်မှာယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးနဲ့ဘုန်းမောက်ပွဲဟာ အရှုံးအနိုင်မပေါ်ဘဲသရေကျသွားတဲ့အတွက် နောက်ဆုံးပွဲရလဒ်ထည့်တွက်စရာမလိုတော့ဘဲ အာဆင်နယ်အသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားပါပြီ။


ဘုန်းမောက်အသင်းအတွက်ဂိုးကို ကရူးပီက ပထမပိုင်း ၃၉မိနစ်မှာလှလှပပ သွင်းယူပေးခဲ့ပါတယ်။ မဖြစ်မနေအနိုင်ရဖို့လိုနေတဲ့ မန်စီတီးအသင်းဟာဒီနေ့ကစားတာမှာဖိအားဝင်နေတဲ့ပုံရပြီး ခြေပဂိုးရဖို့အသည်းအသန်ကြိုးစားခဲ့ရပါတယ်။ပွဲပြီးခါနီးဒဏ်ရာရအချိန်ပိုမှာ ဟာလန်းကခြေပဂိုးသွင်းနိုင်ခဲ့ပေမယ့် အချိန်မမှီတော့ဘဲ တစ်ဂိုးဆီသရေနဲ့ပွဲပြီးသွားပါတယ်။

မေလ၂၄ရက်နေ့မှာနောက်တပွဲကစားဖို့ကျန်နေ‌သေးပေမယ့် အာဆင်နယ်က ၈၂မှတ်၊ မန်စီတီးက ၇၈မှတ်နဲ့ ၂၂နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်တို့ရရှိသွားပါပြီ။ အာဆင်နယ်အသင်းဟာ ရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၃-၂၀၀၄ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုနောက်ဆုံးရရှိခဲ့တာဖြစ်ပြီး အခု၂၂နှစ်ကြာမှာတော့တစ်ကြိမ်ပြန်ရရှိလာတာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page