အီရန်ခေါင်းဆောင်ဟောင်း ခါမေနီစျာပန မြန်မာစစ်အုပ်စုကိုယ်စားလှယ်တက်ရောက် ဂါဝရပြု
- BVJ

- Jul 6
- 1 min read
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကွယ်လွန်ခဲ့တဲ့ အီရန်နိုင်ငံအမြင့်ဆုံးခေါင်းဆောင် အဓိပတိဟောင်းအလီခါမေနီရဲ့အသုဘအခမ်းအနားကို စစ်အုပ်စုအမျိုးသားလုံခြုံရေးအကြံပေး စစ်ဗိုလ်ချုပ်ဟောင်း တင်အောင်စန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း အီရန်အစိုးရသတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။
ဇူလိုင်လ ၄ ရက်နေ့က အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာကျင်းပတဲ့ အဲ့ဒီအသုဘအခမ်းအနားကို ရုရှားသမ္မတရဲ့အထူးကိုယ်စားလှယ် ဒီမီထရီ မက်ဗီဒက်ဗ် အပါအဝင် အနောက်အုပ်စုနဲ့အဆင်မပြေတဲ့နိုင်ငံတွေကကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်နဲ့အနောက်အုပ်စုရဲ့ ဖယ်ကြဉ်ခြင်းခံထားရတဲ့ မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့ကပါ တက်ရောက်လာတာဖြစ်ပါတယ်။

Comments