top of page

စစ်ကောင်စီတပ်စခန်းသိမ်းယူပြီး အောင်ပွဲရလာတဲ့ ကရင်ပူးပေါင်းတပ်တွေကို ပြည်သူတွေကြိုဆို

  • Writer: BVJ
    BVJ
  • Jun 5, 2025
  • 1 min read

BVJ/အိုင်းရစ် _ ဇွန် ၅ ၊ ၂၀၂၅



ကရင်ပြည်နယ် မြဝတီမြို့နယ်တောင်ဘက်က စစ်ကောင်စီအခြေစိုက်စခန်းတွေဖြစ်တဲ့ ဘလယ်ဒိုတပ်စခန်းနဲ့ သေ့ဘောဘိုးတပ်စခန်းတို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ကို ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ Cobra Column 2 Venom က ဒီနေ့ ဇွန် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။


ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၃၂ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်သိမ်းယူမှုတွေ လုပ်ဆောင်နေပါတယ်။


မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါလေလမ်းပိုင်းမှာရှိတဲ့ ဘလယ်ဒိုတပ်စခန်းကို ပြီးခဲ့တဲ့ မေ ၂၃ ရက်က သိမ်းယူနိုင်ခဲ့သလို သေ့ဘောဘိုးတပ်စခန်းကိုလည်း အခု ဇွန် ၃ ရက်နေ့မှာ KNLA ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


စခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ KNLA၊ KNDO၊ PDF တပ်ဖွဲ့တွေကို ဒေသခံပြည်သူတွေက ပန်းကုံးစွပ်ကြိုဆိုခဲ့ကြပြီး လုံခြုံရေးအရ အကျဉ်းချုံးလုပ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ဇွန် ၃ ရက်ညပိုင်းက သိမ်းယူခဲ့တဲ့ သေ့ဘောဘိုးတပ်စခန်းအပါအဝင် KNU တပ်မဟာ ၆ နယ်မြေထဲမှာ ဘလယ်ဒိုတပ်စခန်း၊ ကနဲလေးတပ်စခန်း၊ မော်ခီးတပ်စခန်း၊ ရွှေအေးမြိုင်စခန်း၊ ဘုရင့်နောင်(ထိုးကျိုး)စခန်းတို့ကိုလည်း KNLA ပူးပေါင်းတပ်တွေက သိမ်းယူထိန်းချုပ်ထားပါတယ်။


ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ဥကရထိစခန်း၊ ဝေါလေဗျူဟာစခန်း၊ ထီးသဲလယ်စခန်းနဲ့ ထီကပလယ်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မယ်လို့ သိရပြီး စစ်ကောင်စီကင်းစင်တဲ့နယ်မြေဖြစ်လာအောင် ဖော်ဆောင်သွားမယ်လို့လည်း သိရပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page