top of page

သေ့ဘောဘိုးတပ်စခန်းကို နာရီပိုင်းအတွင်း အပြီးသတ်သိမ်းပိုက်ရရှိခဲ့

  • Writer: BVJ
    BVJ
  • Jun 4
  • 1 min read

◾တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၄ယောက်သေဆုံး၊ ၇၀ကျော် အလံဖြုထောင်လက်နက်ချ အလင်းဝင်


BVJ/ယူဂရင်း_ ဇွန် ၄၊ ၂၀၂၅


သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲအတွင်း ရရှိခဲ့တဲ့လက်နက်များ(ဓါတ်ပုံ- Thoolei Poe)
သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲအတွင်း ရရှိခဲ့တဲ့လက်နက်များ(ဓါတ်ပုံ- Thoolei Poe)

ထိုင်း-မြန်မာနယ်စပ်က မြဝတီတောင်ဘက်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်တွေက မနေ့က ဇွန်လ ၃ ရက် မနက်ကိုးနာရီအချိန်မှာ စတင်တိုက်ခိုက် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။


သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၃၄)ယောက်သေဆုံးပြီး (၇၀)ကျော် လက်နက်ချ အလံဖြုထောင်အလင်းဝင်လာတယ်လို့ မြေပြင်က KNLAတပ်ဖွဲ့ဝင်တွေက အတည်ပြုထားပါတယ်။


စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်နဲ့ဗုံးလာကြဲခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေထိမှန်သေဆုံးကုန်သလို စခန်းသိမ်းတိုက်ခိုက်မှုကိုလည်းခဏရပ်နားပြီးမှ ထပ်မံပြီး ရှင်းလင်းတိုက်ခိုက်ခဲ့တဲ့အတွက် ညနေပိုင်းမှာ ၇နာရီအချိန်ခန့်မှာသိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။


“သေ့ဘောဘိုးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့တွေ KNLA ပူးပေါင်းတပ်၏ ဒရုန်းတိုက်ခိုက်မူ ထိထားတာရှိပြီး လေယာဥ်ပါ ထပ်ပစ်ခတ်ခဲ့လို့ (၃၄)ယောက်သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့ပါသည်။

မသေဘဲကျန်ရှိသူ အယောက်(၇၀)ကျော် အလံဖြူထောင် လက်နက်ချ အလင်းဝင်ခဲ့သည်”လို့ KNLA ရှေ့တန်းစစ်မြေပြင်နဲ့နီးစပ်တဲ့ Thoolei Poe က သူ့ရဲ့လူမှုကွန်ရက် (Facebook) မှာ ဒီနေ့ နေ့လယ်ပိုင်းက ရေးသားထားပါတယ်။


သေ့ဘောဘိုးစစ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား တစ်ရာကျော်ရှိပြီး စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်အမြောက်အမြားရရှိခဲ့ကြောင်းကိုလည်း ဖော်ပြထားတဲ့ဓါတ်ပုံတွေအရ သိရပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page