top of page

မတ္တရာမြို့နယ် ဝေါရွာသစ် ဗုံးကြဲတိုက်ခိုက်ခံရမှု ကလေးငယ်တစ်ဦးအပါအဝင် ၂ဦးသေဆုံး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရ

  • Writer: BVJ
    BVJ
  • Jul 4, 2025
  • 1 min read

BVJ_ဇူလိုင် ၄ ၊ ၂၀၂၅


မနေ့ ဇူလိုင် ၃ ရက် နေ့လည် ၃ နာရီဝန်းကျင်မှာ မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါရွာသစ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တဲ့အတွက် အသက်၇၅နှစ်အရွယ်လူကြီးတစ်ဦးနဲ့ ကလေးငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။


စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် လသားအရွယ်ကလေးအပါအဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် မန္တလေး (MDY PDF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။


သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ အသက်နဲ့လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေနဲ့ပတ်သက်ပြီး MDY PDF ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်ခဲ့တဲ့ ဝေါရွာသစ်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တာဖြစ်တယ်လို့ MDY PDF က ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ မေလ ၁၅ ရက်ကလည်း သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ရွာက အရပ်သားပြည်သူ တွေကို ပစ်မှတ်ထားကာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး သံဃာတော်အချို့၊ ကလေးသူငယ်တွေအပါအဝင် ဒေသခံပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။


MDY PDF ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်တို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်း စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု ၆၀ နီးပါး လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့ကာ ၁၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံအများပြား ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page