မြန်မာစာပေပညာရှင် မောင်ခင်မင်(ဓနုဖြူ) ရုတ်တရက်ကွယ်လွန်
- BVJ

- Jan 28
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၂၈၊ ၂၀၂၅

မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ အငြိမ်းစား မြန်မာစာပါမောက္ခ ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) မနေ့က ညပိုင်းမှာရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။
ဇန်နဝါရီ ၂၇ ရက်နေ့ ည ၁၂ နာရီခွဲမှာ မောင်ခင်မင် (ဓနုဖြူ) ရုတ်တရက်ကွယ်လွန်သွားတာဖြစ်တယ်လို့ သမီးဖြစ်သူ မသူသူနွယ်အေးက လူမှုကွန်ရက် စာမျက်နှာကနေအသိပေးထားတာပါ။
မြန်မာစာရွှေတောင်ကြီး၊ မြန်မာစာဖခင်ကြီး ဒေါက်တာခင်အေး၊ မောင်ခင်မင်-ဓနုဖြူကွယ်လွန်သွားတဲ့အပေါ် အထူးကြေကွဲဝမ်းနည်းရကြောင်းကို မြန်မာစာပေအသိုင်းအဝိုင်းကလည်း ရေးသားထားကြပါတယ်။
အမည်ရင်းကဦးခင်အေးဖြစ်တဲ့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ဟာ ကွယ်လွန်ချိန်မှာ အက်(၈၄)နှစ်ရှိပြီး ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်ဇာတိဖြစ်ပါတယ်။
မြန်မာစာပေလောကမှာ ထင်ရှားသူတစ်ဦးဖြစ်တဲ့ ဆရာကြီးဟာ နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေအငြိမ်းစားယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကနေ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။
မြန်မာစာပေနဲ့ပတ်သက်တဲ့ စာအုပ်ပေါင်း သုံးဆယ်နီးပါးကို မောင်ခင်မင် (ဓနုဖြူ) အမည်နဲ့ ရေးသားခဲ့ပါတယ်။







Comments