ကယန်းတိုင်းရင်းသူ ဘရော်နီကာနဲ့ ONE Championship လက်တွဲ

BVJ/ယူဂရင်း_ ဇန်နဝါရီ ၂၉ ၊ ၂၀၂၅

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ် ဘရော်နီကာဟာ ONE Championship နဲ့ လက်တွဲဖို့ မနေ့က ဇန်နဝါရီ ၂၈ ရက်မှာ စာချုပ်ချုပ်ဆိုလိုက်ပြီး One ရဲ့ တရားဝင်ဖိုက်တာတစ်ယောက် ဖြစ်လာခဲ့ပါပြီ။
အသက် ၂၈ နှစ်အရွယ် ဘရော်နီကာနဲ့ လက်တွဲဖို့စာချုပ်ချုပ်ဆိုခဲ့တဲ့အကြောင်းကို ONE Championship ကလည်း တရားဝင်ကြေညာခဲ့ပါတယ်။
မကြာခင်မှာ ဘရော်နီကာရဲ့ ပွဲဦးထွက်ပွဲ ပြုလုပ်ဖို့စီစဉ်ထားပြီး ONE ရဲ့ အက်တမ်ဝိတ်မွေထိုင်းနဲ့ ကစ်ဘောင်ဆင်ဝိတ်တန်းခွဲတွေမှာပါ ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းရိုးရာ မွေ့ထိုင်းပြိုင်ပွဲမှာ ဘရော်နီကာဟာ (၂)နှစ်တာအတွင်း ပွဲစဉ် ၂၀ ထိုးသတ်ခဲ့ပြီး ၁၈ ပွဲနိုင်ခဲ့သလို ၂၀၂၄ ခုနှစ် သြဂုတ် ၄ ရက်နေ့ကကျင်းပခဲ့တဲ့ Thai Fight 54 KG တန်းယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတဲ့ပွဲစဉ်မှာလည်း အာဂျင်တီးနားနိုင်ငံသူ ဖလော်ရန်ဆီယာကို ဘရော်နီကာဟာ အနိုင်ရခဲ့ပါတယ်။
အဲ့ဒီပြိုင်ပွဲတွေပြီးတဲ့နောက်မှာ ဘရော်နီကာဟာ ONE ကို ရောက်မယ်လို့ နာမည်ကြီးခဲ့တာဖြစ်ပါတယ်။


Comments